DVB Logo
Home
Lead Story
ဘင်ဂျမင်ဆုန်းနှင့် ဖြူဖြူကျော်သိန်း စုံတွဲကာဗာသီဆိုထားကြသည့် ပရက်စလေနာမည်ကြီးသီချင်း (ရုပ်သံ)
DVB
·
March 12, 2020
ဘင်ဂျမင်ဆုန်းနှင့် ဖြူဖြူကျော်သိန်း စုံတွဲကာဗာသီဆိုထားကြသည့် ပရက်စလေနာမည်ကြီးသီချင်း (ရုပ်သံ)
Donate to DVB

       ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ နာမည်ကြီး အဆိုတော် အဲလ်ဗစ်စ်ပရက်စလေရဲ့ သီ ချင်းကို ဖြူဖြူကျော်သိန်းနဲ့ ဘင်ဂျမင်ဆုန်းတို့ ကာဗာပြန်လည်သီဆိုထားကြတဲ့ သီချင်း ရုပ်သံတပုဒ် ထွက်ရှိလာခဲ့ပါတယ်။

       ဒီသီချင်းကတော့ ၁၉၆၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပရက်စလေရဲ့ သီချင်းတပုဒ်ဖြစ်ကာ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Blue Hawaii ရုပ်ရှင်ထဲက ဇာတ်ဝင်တေးတပုဒ် လည်း ဖြစ်ပါတယ်။

       အချစ်ဂီတဒရာမာရုပ်ရှင်ကားတကားအနေနဲ့ ထွက်ရှိခဲ့တဲ့ အဲဒီရုပ်ရှင်ကားထဲမှာ တော့ ပရက်စလေနဲ့အတူ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Joan Blackman နဲ့ Angela Lansbury တို့က ပါဝင်ထားကြတာ ဖြစ်ပါတယ်။

       ဒီကားထဲမှာ ပါဝင်တဲ့ တေးသီချင်းတွေနဲ့အတူ Blue Hawaii Sound Track တေး အယ်လ်ဘမ်ကိုလည်း ထုတ်လုပ်ခဲ့ပြီး Billboard Pop Album ဇယားမှာ သီတင်းပတ် ၂၀ လောက် နံပတ် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အမေရိကန်မှာ အယ်လ်ဘမ်ချပ်ရေ ၃ သန်း ကျော် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။

       ဒီတေးအယ်လ်ဘမ်ထဲမှာတော့ "Can't Help Falling in Love" သီချင်းနဲ့အတူ "Blue Hawaii" ၊ "Almost Always True" ၊ "Aloha 'Oe" ၊ "No More" ၊ "Rock-A-Hula Baby" ၊ "Moonlight Swim" ၊ "Ku-U-I-Po" ၊ "Ito Eats" ၊ "Slicin' Sand" ၊ "Hawaiian Sunset" ၊ "Beach Boy Blues" ၊ "Island of Love" ၊ "Hawaiian Wedding Song" စတဲ့ သီချင်းပုဒ်ရေ ၁၄ ပုဒ် ပါဝင်ခဲ့ပါတယ်။

       ခုလတ်တလောထွက်ရှိလာတဲ့ ကာဗာသီချင်းထဲမှာတော့ သိပ်မကြာခင်ကမှ မြန် မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲနဲ့အတူ နာမည်ကြီးလာခဲ့တဲ့ ချင်းတိုင်းရင်းသား အဆိုတော် ဘင်ဂျမင်ဆုန်း၊ ဖြူဖြူကျော်သိန်းတို့ရဲ့ စုံတွဲသီဆိုသရုပ်ဆောင်မှုတွေနဲ့အတူ  ရှုစားနား နိုင်မှာ ဖြစ်ပါတယ်။

       ဖြူဖြူကျော်သိန်းရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တဲ့ ဒီသီချင်းကိုတော့ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အ ကြိမ်ရေ ၂ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013