DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တံခါးပိတ်အစည်းအဝေး ကျင်းပ
DVB
·
May 17, 2020
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တံခါးပိတ်အစည်းအဝေး ကျင်းပ
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်တိုးမြှင့်လာနေတာနဲ့ IDP စခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ပေမယ့် ဆုံးဖြတ်ချက်မထွက်ခဲ့ပါဘူး။

ဒီတံခါးပိတ်အစည်းအဝေးကို မေလ အလှည့်ကျ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌဖြစ်တဲ့ အက်စတိုးနီးယားနဲ့ ဗြိတိန်နိုင်ငံတို့က ခေါ်ယူကျင်းပခဲ့တာဖြစ်ပြီး နယူးယောက်မြို့မှာ မေ ၁၄ ရက်က ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပခဲ့တာပါ။

ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်၊ ဒါမှမဟုတ် ကြေညာချက် တစုံတရာ ထုတ်ပြန်ဖို့ သဘောတူညီမှုမရခဲ့ဘူးလို့ ဆိုပါတယ်။

အစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရွှာနာဘာဂါက ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်ခံစားနေရတဲ့ အခြေအနေ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုနဲ့ စားနပ်ရိက္ခာ ထောက်ပံ့နေတာတွေ၊ ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးမှာ အစိုးရရဲ့ ဆောင်ရွက်နေတာတွေကို ရှင်းပြခဲ့ပါတယ်။

ပြီးတော့ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ၊ တပ်မတော်က သုံးလ အပစ်အခတ်ရပ်စဲရေး ကြေညာထားတာ စတာတွေကိုလည်း ထည့်သွင်းရှင်းပြခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကောင်စီအဖွဲ့ဝင်တွေ ဆွေးနွေးကြရာမှာလည်း ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ တိုးမြှင့် လာတာကြောင့် နေရပ်စွန့်ခွာသူတွေနဲ့ ထိခိုက်သေဆုံးတာတွေအတွက် စိုးရိမ်တာ၊ ရခိုင်ပြည်နယ် အရေးကိစ္စကို ဖြေရှင်းရေးအတွက် ဆောင်ရွက်ဖို့ ရှိတာတွေကို နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့အညီ ဒေသတွင်းနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့၊ အဲဒီလို ဆောင်ရွက်ရာမှာလည်း နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပြီး အပြုသဘောနဲ့ ပါဝင်ကူညီဖို့ လိုတယ်လို့ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013