DVB Logo
Home
မြန်မာသတင်း
တရားမဝင် ဝင်ရောက်မှုတားဆီးရန် မောင်တောနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ချထား
DVB
·
May 17, 2020
တရားမဝင် ဝင်ရောက်မှုတားဆီးရန် မောင်တောနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ချထား
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ COVID-19 ရောဂါကူးစက်နေတာကြောင့် ရခိုင်ပြည်နယ်-မောင်တောနယ်စပ်က တရားမဝင် ဝင်ရောက်လာမှုကို တားဆီးဖို့ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“နယ်စပ်မှာ ယခင်ရှိတဲ့ အင်အားတွေထက်တိုးချခိုင်းထားတယ်။ ဒါပေမဲ့ အင်အားဘယ်လောက်ထိ တိုးထားတယ်ဆိုတာတော့ လုံခြုံရေးတာဝန်ယူထားသူတွေသာ ပြောနိုင်မယ်ဗျ။ မနေ့က ဦးဇော်ဌေးလည်း ပြောထားတယ်၊ ဘင်္ဂလားမှာ ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ရောဂါကြောင့် ပြန်လည်လက်ခံရေးစခန်းတွေ လတ်တလောမှာ ပိတ်ထားတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၃ ဦး ထပ်မံတွေ့ရှိရပြီး စုစုပေါင်း ၄ ဦး ရှိပြီလို့ ဘင်္ဂလားဒေ့ရှ် Dhaka Tribune သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

နယ်စပ်ဂိတ်ပေါက်တွေမှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်တပ်တွေ အကျင့်ပျက် အဂတိလိုက်စားမှုတွေကြောင့် တဖက်နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတာကို တားဆီးဖို့ ခက်ခဲမယ်လို့ မောင်တောမြို့နယ် လွှတ်တော်အမတ် ဦးထွန်းလှစိန်က ပြောပါတယ်။

“တော်တော်လေး ခက်ခဲပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ နယ်ခြားစောင့်တွေအပေါ်မှာ မူတည်နေပါတယ်။ အကျင့်ပျက် အဂတိလိုက်စားမှုတွေ ရှိနေရင်တော့ တရားမဝင်လာရောက်မှုကို ဘယ်လိုမှ တားဆီးနိုင်မယ် မထင်ဘူး။”

မောင်တောမြို့မှာ COVID-19 ရောဂါကူးစက်ခံရသူ မရှိသေးပေမယ့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကြိုတင်ကြာကွယ်ရေး စည်းကမ်းချက်တွေကို ပြည်သူတွေ လိုက်နာမှု အလွန်အားနည်းတယ်လို့ သိရပါတယ်။

စျေးဆိုင်သည်တဦးက “အခုအချိန်က ရာမန်ဒန် ဥပုဒ်ကာလမှာတော့ စျေးလာဝယ်သူတွေ နည်းနည်းများတယ်။ ၆ ပေအကွာကနေ စျေးဝယ်ဖို့ သတ်မှတ်ထားပေမယ့် လိုက်နာမှုမရှိကြဘူး” လို့ ပြောပါတယ်။

မောင်တောနယ်စပ်ကနေ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာသွားသူတွေ တရားမဝင်  ပြန်လည်ဝင်ရောက်လာနေတာကြောင့် ရောဂါကူးစက်လာမှာကို မောင်တောဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မေ ၁၇ ရက်မနက်ပိုင်းအထိ COVID-19 ရောဂါကူးစက်ခံရသူ ၂၀၉၉၅ ဦးနဲ့ သေဆုံးသူ ၃၁၄ ဦးရှိပြီး ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာတော့ ကူးစက်ခံရသူ ၄ ဦးရှိပြီလို့ သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013