DVB Logo
Home
မြန်မာသတင်း
ခန္တီးမြို့ ဘောလုံးကွင်းစျေးတွင် Mask မတပ်သူ ၂၅ ဦးကို ဒဏ်ရိုက်
DVB
·
May 16, 2020
ခန္တီးမြို့ ဘောလုံးကွင်းစျေးတွင် Mask မတပ်သူ ၂၅ ဦးကို ဒဏ်ရိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ ဘောလုံးကွင်း ယာယီစျေးမှာ Mask မတပ်သူ ၂၅ ယောက်ကို မေ ၁၆ ရက်နေ့ မနက်ပိုင်းက ဒဏ်ရိုက်ခဲ့တယ်လို့ ခန္တီးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဘကြိုင်က ပြောပါတယ်။

“အခု ခန္တီးမြို့နယ် ဘောလုံးကွင်းထဲ ကျနော်တို့ စည်ပင်က ကိုဗစ်ကြောင့် ယာယီစျေး ဖွင့်ပေးခဲ့တာပါ။ ကျနော်တို့မြို့နယ်စည်ပင်က စျေးသည် အဆင်ပြေ ရောင်းရအောင် လုပ်ပေးတာ Mask မပါ စျေးရောင်းခွင့်ပိတ်ထားခဲ့တယ်။ Mask တွေလည်း ဝေပေးခဲ့ပါတယ်။ အခုက စျေးသည်တွေက ဝေပေးတဲ့ Mask တွေကို မတပ်ဘဲ ချိတ်ထားတယ်။ ကျနော်တို့ စည်ပင်ကော်မတီက စစ်ဆေးတွေ့ရှိတာကြောင့် ဒဏ်ရိုက်တာပါ။ ဒဏ်ရိုက်ငွေ ၂၀၀၀ ရိုက်လို့ရတဲ့ ပိုက်ဆံနဲ့ Mask တွေ ပြန်ပေးခဲ့တယ်။”

ဒဏ်ငွေ ၂၀၀၀ တပ်ရိုက်ကာ လျော်ဖွပ်သုံးနိုင်တဲ့ mask ၁၀ ခုပါ တထုပ်စီ ပြန်လည်ပေးဝေခဲ့ပါတယ်။ 

ဒုတိယအကြိမ် ကျူးလွန်ပါက ဒဏ်ငွေ ၅၀၀၀ တပ်ရိုက်ပြီး mask ၁၀ ခုပါ တထုပ် ပြန်လည်ပေးဝေမှာဖြစ်ပြီး တတိယအကြိမ် ကျူးလွန်ပါက ဈေးရောင်းချခွင့် ရက်အကန့်အသတ်နဲ့ ပိတ်တာ၊ စျေးဝယ်သူတွေကို ထိရောက်တဲ့ဒဏ်ငွေ ၁၀၀၀၀ ကျပ်အထိ အရေးယူသွားမယ်လို့ သိရပါတယ်။

ခန္တီးမြို့ ဘောလုံးကွင်းစျေးထဲ စျေးရောင်းသူ ၁၈ ဦး၊ စျေးဝယ်သူ ၇ ဦးတို့ကို ခန္တီးမြို့စည်ပင်က ဒဏ်ရိုက်ခဲ့ပါတယ်။ စစ်ကိုင်းအစိုးရအဖွဲ့က Mask မတပ်သူတွေကို အရေးယူဆောင်ရွက်ဖို့ မေ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အောင်ဆန်းမြင့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013