DVB Logo
Home
မြန်မာသတင်း
အခြေခံပညာစာသင်ကျောင်းများ ဇူလိုင်လအတွင်း စဖွင့်မည်  
DVB
·
May 15, 2020
Donate to DVB

၂၀၂၀-၂၁ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းတွေကို လာမယ့် ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်သွားမယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဒီဗွီဘီကို  ပြောပါတယ်။

အရင်ပညာသင်နှစ်တွေက အခြေခံပညာစာသင်ကျောင်းတွေမှာ မေလစတုတ္ထအပတ်မှာ ကျောင်းအပ်လက်ခံရပြီး ဇွန် ၁ ရက်နေ့မှာ  ကျောင်းတွေ စတင်ဖွင့်လှစ်တာပါ။

ဒီပညာသင်နှစ်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁‌၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက် အခြေခံပညာစသင်ကျောင်းတွေမှာ ပြီးခဲ့တဲ့ပညာသင်နှစ်က စာမေးပွဲအောင်စာရင်းတွေ ထုတ်ပြန်ဖို့ နောက်ကျနေသလို ကျောင်းတွေဖွင့်လှစ်မယ့်အချိန်လည်း ပုံမှန်ထက်နောက်ကျနိုင်တယ်လို့ ပြောပါတယ်။

လတ်တလော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာတော့ တနိုင်ငံလုံးရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းသင်အခြေခံပညာကျောင်း ၆,၀၀၀ ကျော်ကို Community Based Facility Quarantine စင်တာတွေအနေနဲ့ ဖွင့်လှစ်ထားတာတွေရှိနေပါတယ်။

ဒါကြောင် ဇူလိုင်လအတွင်းမှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်နို်ငဖို့အတွက် အဲဒီနေရာတွေမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့အညီ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပြန်လည်ခေလျှာ်ဖွတ်အသုံးပြုလို့ရတဲ့ နှာခေါင်းစည်းတွေ၊ FaceShield တွေ ဖြန့်ဝေပေးသွားမှာဖြစ်သလို ကျောင်းအားလုံးမှာ အပူချိန်တိုင်း ကိရိယာတွေထားပေးသွားမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

ဒါ့အပြင် ကျောင်းဖွင့်ချိန်မှာ ကျောင်းသားတွေ၊ ဆရာတွေနဲ့ မိဘတွေ လိုက်နာရမယ့်စည်းကမ်းချက်တွေ အသေးစိတ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အခြေခံပညာရေးလုပ်သားများသမဂ္ဂ ဗဟိုကော်မတီဝင် ဦးမင်းမင်းထွဋ်ကတော့ လက်ရှိရောဂါဖြစ်ပွားနေတဲ့ အခြေအနေဟာ ကျောင်းတွေကို ဖွင့်လှစ်သင့်တဲ့ အနေအထားတခု မဟုတ်သေးပေမယ့် အမှန်တကယ်ဖွင့်လှစ်မယ်ဆိုရင်လည်း စာသင်ကျောင်းတွေရဲ့ မြေပြင်အခြေအနေကို လေ့လာဖို့ အကြံပြုပါတယ်။

မြန်မာတနိုင်ငံလုံးမှာ အခြေခံပညာကျောင်းပေါင်း ၄၈၀၀၀ ကျော်ရှိပြီး  ကျောင်းသား၊ ကျောင်းသူ ၉ သန်းကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013