DVB Logo
Home
မြန်မာသတင်း
COVID-19 ရောဂါထိန်းချုပ်နိုင်ပြီဟု သတ်မှတ်၍မရနိုင်သေးသဖြင့် မပေါ့ဆကြရန် အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ ပန်ကြား
DVB
·
May 15, 2020
COVID-19 ရောဂါထိန်းချုပ်နိုင်ပြီဟု သတ်မှတ်၍မရနိုင်သေးသဖြင့် မပေါ့ဆကြရန် အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ ပန်ကြား
Donate to DVB

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု လုံးဝ ထိန်းချုပ်နိုင်ပြီဟု သတ်မှတ်လို့ မရနိုင်သေးလို့ ပြည်သူတွေအနေနဲ့ ပေါ့ဆမှုမရှိဘဲ ကျန်းမာရေး ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံတဝန်း ညမထွက်ရအချိန်ကို ည ၁၂  နာရီမှ မနက် ၄ နာရီအထိ ပြောင်းလဲ လျှော့ချသတ်မှတ်ခဲ့သလို ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၅ မြို့မှာ Stay at Home အစီအစဉ်ကို ပယ်ဖျက်ပေးလိုက်ပြီးနောက် ခုလို သတိပေးထုတ်ပြန်လိုက်တာပါ။ 

ပြည်သူတွေအနေနဲ့ ခုလိုဖြေလျှော့မှုအပေါ် ပေါ့ဆမှုမရှိဘဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ သတိပေး ညွှန်ကြားချက်တွေကို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ တိကျစွာ လိုက်နာဆောင်ရွက်သွား ကြဖို့လည်း  ဒေါ်ဆောင်ဆန်းစုကြည်က မေလ ၁၄ ရက်နေ့စွဲနဲ့  ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပြည်သူလူထုပူးပေါင်းအားနဲ့ COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ရာ အခုအချိန်မှာ အတိုင်းအတာတစ်ရပ်အထိ ထိန်းသိမ်းနိုင်ခဲ့သည်ကို တွေ့ရှိရတဲ့အတွက် Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်(၅)ခုကို ဖြေလျှော့တာအပါအဝင် ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြား ချက်တွေကို  တဆင့်ချင်း ဖြေလျှော့ပေးနေတယ်လို့လည်း ဆိုပါတယ်။

Stay at Home သတ်မှတ်ချက် ဖြေလျှော့ပေးလိုက်တဲ့မြို့နယ်တွေကတော့ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နဲ့ ကလေးမြို့နယ်တို့ဖြစ်ပါတယ်။

လူစုလူဝေးနဲ့ အခမ်းအနားတွေမလုပ်ဖို့အပါအဝင်  COVID-19 ဆိုင်ရာအမိန့်တွေ ညွှန်ကြားချက်တွေကိုတော့  မေ ၃၁ ရက်အထိ သက်တမ်းထပ်တိုးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013