DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၁၄၄ နှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို အိမ်ပြင်ထွက်ခွင့်ပြန်ပြု
DVB
·
May 15, 2020
လူနာအမှတ် ၁၄၄ နှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို အိမ်ပြင်ထွက်ခွင့်ပြန်ပြု
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ COVID-19 လူနာအမှတ် ၁၄၄ နဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ မိသားစု၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဘော်လန်တီယာတွေကို ၂၁ ရက် Quarantine ပြည့်သွားတာကြောင့် မေ ၁၄ ရက်ညနေပိုင်းမှာ တာဝန်ရှိသူတွေက နေအိမ်အပြင် ထွက်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

"မနက်ဖြန် ၂၁ ရက်ပြည့်ပြီဖြစ်လို့ နေအိမ် Quarantine တွေ ဒီညနေလိုက်ဖွင့်ပေးနေပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ၂၁ ရက် ပြည့်အောင် Quarantine နေအိမ်တွေမှာနေခဲ့ကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက်တွေ ပေးထားခဲ့တယ်”လို့ ကျန်းမာရေးဌာနမှ ဦးလှဌေးက ပြောပါတယ်။

Quarantine ပြည့်ပြီး ပြန်ထွက်ခွင့်ရသူ ဒေါ်ဝင်းမာက "ပျော်တယ် စိတ်ချမ်းသာတယ်။ လူနာ ၁၄၄ မှာလည်း ပိုးကင်းစင်သွားပြီလို့ သိရတဲ့အတွက် ကိုယ်တွေလည်း ကင်းစင်သွားသလိုခံစားရတယ်” လို့ ပြောပါတယ်။

လူနာအမှတ် ၁၄၄ ဟာ လှိုင်သာယာမြို့နယ် ချန်းရီ ဖိနပ်စက်ရုံ စက်ပြင်ဌာနက တရုတ်စကားပြန်အမျိုးသားဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက ပိုးတွေ့လူနာအဖြစ်ကြေညာခဲ့တာပါ။

ဧပြီ ၂၅ ရက်နေ့မနက်ပိုင်းကစပြီး သူနဲ့ ထိတွေဆက်စပ်ခဲ့သူတွေရဲ့ နေအိမ် ၃၈ လုံး၊ မိသားစု ၄၀ ကျော်ကို ကွာရန်တင်း ၂၁ ရက်သတ်မှတ်စောင့်ကြည့်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013