DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် Mask မတပ်သူအယောက် ၅၀၀ ကျော်ကို အရေးယူ
DVB
·
May 14, 2020
မန္တလေးမြို့တွင် Mask မတပ်သူအယောက် ၅၀၀ ကျော်ကို အရေးယူ
Donate to DVB

မန္တလေးမြို့မှာ စနစ်တကျ mask မတပ်သူတွေကို ပညာပေးကာလအနေနဲ့ စတင်အရေးယူနေပြီး ၄ ရက်အတွင်း လူဦးရေ ၅၀၀ ကျော်ကို အရေးယူခဲ့ပါတယ်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း နေအိမ်ပြင်ပသွားလာသူတွေအနေနဲ့ mask စနစ်တကျ တပ်ဆင်မှု မရှိတာကြောင့် မေ ၁၅ ရက်နေ့အထိ ပညာပေးကာလအနေနဲ့ လုပ်ဆောင်နေပါတယ်။

မန္တလေးမြို့က ဈေးတွေမှာ စနစ်တကျ Mask မတပ်တဲ့ ဈေးရောင်းချသူ တချို့နဲ့ ဈေးဝယ်တချို့ကို ပညာပေးကာလအနေနဲ့ Mask ၂ ခုကို ကျပ် ၁၀၀၀ နဲ့ ဝယ်ယူဖို့ အရေးယူခဲ့ပြီး မေလ ၁၂ ရက်အထိ လူဦးရေ ၅၀၀ နီးပါးရှိတယ်လို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။  

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် “မနေ့ကအထိတော့ ၅၀၀ ကျော်လောက် ရှိသွားပြီ။ ဈေးသည်တယောက်ကိုတော့ သတိပေးတာကို နားမထောင်လို့ ကျနော်တို့ ဈေးရောင်းချခွင့် ၃ ရက် ပိတ်လိုက်ပါတယ်” လို့ ပြောပါတယ်။

အရေးယူ ဆောင်ရွက်တာတွေကြောင့် Mask မတပ်သူတွေနည်း သွားပေမယ့် စနစ်တကျ တပ်ဆင်မှုတွေ အားနည်းနေသေးတယ်လို့ ပညာပေးအဖွဲ့မှာ ပါဝင်သူတဦးက ပြောပါတယ်။ 

သီရိမာလာအရှေ့ ရာအိမ်မှူး ဦးထွန်းထွန်းဦးက “တချို့ကျတော့ Mask ကို တပ်တော့ တပ်တယ်။ နှာခေါင်းတွေကို မကာကွယ်ဘူး။ ချိတ်ထားတယ်။ တချို့က လက်က ဆွဲလာတယ်။ အဲဒီလိုလူတွေကို အသိပညာပေးပြီးတော့ ပြောရတာပေါ့နော်။ ၁၅ ရက်နေ့နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့်အခြေအနေ၊ တိုင်းဒေသကြီးက ထုတ်ပြန်လာမယ့် အမိန့်တွေ  ဒါတွေအပေါ်မှာ မူတည်ပြီးတော့မှ သူတို့ကို ပညာပေးပြီးတော့မှ ပြန်လွှတ်တယ်။ ဟိုနားသွား ဒီနားသွားလည်း ဒီရောဂါရဲ့ အခြေအနေက ဘယ်သူ ဘာဖြစ်နေလဲ မသိတော့ ခွင့်မလွှတ်နိုင်ဘူး။ ဒါပေမဲ့ အဆင်ပြေအောင် ကျနော်တို့ ဆောင်ရွက်ပေးပါတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မေ ၉ ရက်မှ မေ ၁၅ ရက်နေ့အထိ ပညာပေးကာလအနေနဲ့ အပြင်ထွက်ရင် Mask ကို စနစ်တကျ တပ်ဆင်တာ မရှိပါက ငွေကျပ် ၁၀၀၀ နှုန်းနဲ့ နှာခေါင်းစည်း Mask နှစ်ခု ဝယ်ယူတပ်ဆင်သွားရမှာ ဖြစ်ပါတယ်။ 

မေလ ၁၅ ရက်နောက်ပိုင်းမှာ ငွေကျပ် ၅၀၀၀ နှုန်းနဲ့ Mask နှစ်ခု ဝယ်ယူတပ်ဆင်သွားရမယ့်အပြင် တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ က ထုတ်ပြန်ထားပါတယ်။ 

ကျော်ဇေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013