DVB Logo
Home
Lead Story
ဖယ်ခုံမြို့အဝင်ပန်းခြံရှိ ကယန်းမယ်ရုပ်တုကို Mask တပ်ဆင်ပေးထား (ဓာတ်ပုံ)
DVB
·
May 13, 2020
ဖယ်ခုံမြို့အဝင်ပန်းခြံရှိ ကယန်းမယ်ရုပ်တုကို Mask တပ်ဆင်ပေးထား (ဓာတ်ပုံ)
1 / 6
Donate to DVB

မြို့သူမြို့သားတွေ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း mask တပ်ဆင်ဖို့ ရည်ရွယ်ပြီး ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အဝင် ပန်းခြံအတွင်းက ကယန်းမယ်ရုပ်တုမှာ Mask တပ်ဆင်ပေးထား ပါတယ်။

မြို့သူ မြို့သားတွေ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း mask တပ်ဆင်ဖို့ နမူနာပြအနေတဲ့ အနေနဲ့ ရုပ်တုမှာ  Mask တပ်ဆင်ထားတာထက် အောက်ခြေမှာ စည်းကမ်းလိုက်နာဖို့ ထိထိရောက်ရောက်လုပ်ဆောင်သင့်တယ်လို့ ဖယ်ခုံမြို့နယ်  ဟိန်ဓမ္မရပ်ကွက်  နယ်မြေ (၈) ရာအိမ်မှူးခွန်းကလေးမင်းက  ပြောပါတယ်။

သတင်းထဲမှာလည်း တက်လာတယ် အခြားမြို့တွေမှာရှိတဲ့ မွန်ဆို ဟင်္သာမှာတပ်တယ်။ လားရှိုးမှာဆို ထင်းချိုးတဲ့ ရုပ်တုမှာတပ်တယ်ဆိုတော့ ဒါလုပ်တယ်ဆိုတဲ့ ကမ်ပိန်းကို ရုပ်ပြတစ်ခု အနေနဲ့ လုပ်တာလား။ ကျနော့်အနေနဲ့က ဖြစ်စေချင်တာကတော့ အစက ကျနော်ဒီမှာ ကျနော့နယ်မြေမှာဆို Mask မတပ်ရင် ကျနော် ဒဏ်ငွေ Mask လေးခုပြန် ဝယ်ခိုင်းတဲ့အကျင့် ကျနော်လုပ်ခဲ့တာပေါ့။ နောက်ပိုင်းမှပဲ ဧပြီလကုန်မှ ကျနော်ပြန်ဖျက်လိုက်တယ်။ ဖယ်ခုံမြို့နယ်မှာက ဖယ်ခုံမြို့နယ်မှ မဟုတ်ပါဘူး ကျန်တဲ့ ဒီလိုရုပ်တုမှာ တပ်ပြရုံနဲ့ မပြီးလောက်ဘူး ကျနော်ထင်တယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်းရှိရင်လည်း စည်းကမ်းအတိုင်း ဖြစ်စေချင်တာပေါ့နော်”

အဆိုပါ ကယန်းမယ်မှာ mask တပ်ဆင်ခြင်းကို  မေလ ၁၂ ရက်နေ့မှာ စတင်တွေ့ရှိရပြီး ဒါဟာ တခြားမြို့တွေလို့ Mask ကမ်ပိန်းအနေနဲ့ လုပ်ဆောင်တာဖြစ်ကြောင်းလည်း ပြောပါတယ်။

သူ့အနေနဲ့ ဧပြီလတုန်းက နှာခေါင်းစည်း မတပ်သူတွေကို ဒဏ်ပေးတာ လုပ်ဆောင်ခိုင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ရံပုံငွေမရှိဘဲ ကိုယ့်ဘာသာကိုယ်လုပ်ဆောင်ခဲ့ရတာကြောင့် ဒီအစီအစဉ်ကို ဧပြီလကုန်မှာ ရပ်နားထားခဲ့ရတယ်လို့လည်း ခွန်းကလေးမင်းက ပြောပါတယ်။

ဖယ်ခုံမြို့မှာ လူဦးရေ တသိန်းကျော်ရှိပြီး အဲဒီထဲမှာ ကယန်းလူမျိုး ၈၅၀၀၀ လောက် ရှိပါတယ်။ ဖယ်ခုံမြို့အဝင် ပန်းခြံအတွင်းမှာ ကယန်း သင်္ကတအနေနဲ့ ကယန်းမယ်လေး ရုပ်တုကို ၂၀၁၄ ခုနှစ်က တည်ထားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013