DVB Logo
Home
မြန်မာသတင်း
မကွေးမြို့ ကမ္ဘောဇဘဏ်ခွဲ (၁)တွင်  ATM ငွေထုတ်စက်မီးလောင် 
DVB
·
May 13, 2020
မကွေးမြို့ ကမ္ဘောဇဘဏ်ခွဲ (၁)တွင်  ATM ငွေထုတ်စက်မီးလောင် 
1 / 5
Donate to DVB

မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ခွာညိုလမ်းထောင့်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (၁) ရှိ  ATM ငွေထုတ်စက်တစ်ခု ဒီနေ့မနက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ATM ငွေထုတ်စက်မှာ တပ်ဆင်ထားတဲ့ Air-Con Safe Guard အပူလွန်ကဲလို့ လောင်မှုဖြစ်ပွားခဲ့တာပါလို့ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ပြောပါတယ်။ 

မီးလောင်မှုကြောင့် 70 V Battery(၈)လုံး ၊ Air-Con(၁)လုံး ၊ 220 Vအင်ဗာတာ(၁)လုံး ငွေကျပ်  ၂၁၀၀၀၀ ဖိုးလောက်  မီးလောင် ဆုံးရှုံးခဲ့တယ်လို့လည်း ပြောပါတယ်။ 

မီးလောင်တဲ့နေရာကို မကွေးခရိုင်မီးသတ်ဌာနက မီးသတ်တပ်ဖွဲ့ဝင် ၉ ဦး မီးသတ်ကား ၁ စီး ၊ ရေသယ်ကား ၁ စီး ၊ အုပ်ချုပ်မှုကား ၁ စီး  စုစုပေါင်းကား ၃ စီးနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာမှာ မနက် ၇ နာရီမှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး မကွေးမြို့ ကမ္ဘောဇဘဏ်(၁) မန်နေဂျာ ဦးစန်းမောင်ကြည်ကို မကွေးနယ်မြေရဲစခန်းမှာ မီးပေါ့ဆမှုပုဒ်မ-၂၈၅နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက  သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013