DVB Logo
Home
မြန်မာသတင်း
ယုဇနဆီအုန်းကုမ္ပဏီမှ ရေဆိုးများကြောင့် ခမောက်ကြီးချောင်းရေ ညစ်ညမ်းလာ
DVB
·
May 12, 2020
ယုဇနဆီအုန်းကုမ္ပဏီမှ ရေဆိုးများကြောင့် ခမောက်ကြီးချောင်းရေ ညစ်ညမ်းလာ
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နဲ့ ၅ မိုင်အကွာမှာရှိတဲ့ ယုဇနဆီအုန်းကုမ္ပဏီက ရေဆိုးတွေ လျှံထွက်လာတာကြောင့် ခမောက်ကြီးချောင်းအတွင်းရှိ ငါး၊ ပုစွန်၊ ဂဏန်းတွေ သေဆုံးတဲ့အပြင် ရေဆိုးနံ့တွေလည်း ဆိုးဝါးလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချောင်းအနီးမှာနေတဲ့ ကိုတင်ငြိမ်းက “ကုမ္ပဏီတွေ ဒီကိစ္စကိုနိုင်ငံတော်အစိုးရအနေနဲ့ တင်းတင်းကြပ်ကြပ်လေး တားမြစ်စေချင်တယ်။ ဒီမှာနေလာတဲ့ သက်တမ်းတလျောက်မှာ တစ်နှစ်မှာ နှစ်ခါလောက် ယုဇနကုမ္ပဏီက ဒီလို ရေဆိုးတွေ လွှတ်ပါတယ်၊ လွှတ်လိုက်ပြီဆိုလို့ရှိရင် ဒီချောင်းထဲမှာရှိတဲ့ ငါးပုဇွန်တွေ အကုန်သေပါတယ်။ ဒါတွေကို လူတွေက ဆင်းကောက်ရင် ယားနာတွေ ဖြစ်ပါတယ်။ အရင်နှစ်တွေတုန်း ကလည်း နိုင်ငံတော်အစိုးရကို တင်ပြဖူးပါတယ်။ ခုချိန်ထိ ဖြစ်မလာခဲ့ပါဘူး။ ကျနော့်အိမ်ဆိုရင် ဒီချောင်းဘေးမှာ ရှိပါတယ်။ အိမ်က ရေတွင်းဆိုရင် ဒီရေကြောင့် သုံးလို့မရတော့ပါဘူး”လို့ ပြောပါတယ်။

ရေဆိုးတွေချောင်းထဲဝင်လာတာကြောင့် ခမောက်ကြီးချောင်းအနီးတဝိုက်မှာ နေထိုင်ကြ သူတွေရဲ့အိမ်က ရေတွင်းတွေ သုံးမရတော့ဘဲ ရေအခက်အခဲဖြစ်နေတယ်လို့လည်း သိရပါတယ်။

ယုဇနဆီအုန်းစက်ရုံတာဝန်ခံ ကိုမြတ်ဇော်က “ကျနော်က ဒီရေဆိုးကို ကန်တွေနဲ့ အဆက်ဆက်ထိမ်းပြီးတော့မှ နောက်ဆုံးရေကြည်ကန်ရတော့မှ ပန့်တွေနဲ့ စိုက်ခင်းကို ပြန်ဖြန့်တာပါ။ ဒါပေမဲ့လို့ ဒီကန်တွေနဲ့ မိုးရေမြောင်းနဲ့က မိုးရေမြောင်းပိတ်ပြီး ဒီရေဆိုးကန်နဲ့ ဆက်သွားပြီး ကန်ရေမြင့်တက်လာလို့ ကန်ရေလျှံသွားတာပါ။ သိသိခြင်း စက်တွေသုံးပြီး ပိတ်ဆို့တာတွေ ဆောင်ရွက်ထားပါတယ်”လို့ ပြောပါတယ်။

ရေဆိုးတွေ တစ်နှစ်ကို ၂ ကြိမ် စွန့်ပစ်လေ့ရှိတာကြောင့် အခုအကြိမ်မှာ ရေဆိုးနံ့တွေ ဆိုးရွားစွာခံစားနေရပြီး ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတာကြောင့် ရေချိုချောင်း ပျက်စီးသွားမှာကို ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။

သတင်း- လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013