DVB Logo
Home
ဘောလုံး
စထရာဘော့ဂ် ကွင်းလယ်လူ ဘာကို ကို ချဲလ်ဆီးအသင်း ခေါ်ယူ
DVB
·
August 3, 2026
Photo: REUTERS/Marco Bello/File Photo
Photo: REUTERS/Marco Bello/File Photo
Donate to DVB

ချဲလ်ဆီးအသင်းဟာ စထရာဘော့ဂ်ကွင်းလယ်လူ ဗလန်တင်ဘာကို ကို ၇ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ 

အသက် ၂၁ နှစ်အရွယ် ဘာကိုဟာ ဒီနွေရာသီမှာ ချဲလ်ဆီးရဲ့ ဆဋ္ဌမမြောက် ခေါ်ယူမှု ဖြစ်ပါတယ်။ သူဟာ အာရှမှာရှိတဲ့ ချဲလ်ဆီးရဲ့ ရာသီကြိုခရီးစဉ်မှာ ပါဝင်မှာပါ။ သြဂုတ် ၅ ရက်မှာ ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘာကိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအတွက် တကြိမ် ပါဝင်ကစားခဲ့ဖူးပါတယ်။

အင်္ဂလန်ကို အနိုင်ရတဲ့ ဆီမီးဖိုင်နယ်ပွဲအပြီးမှာ ဂျုဒ်ဘယ်လင်ဂမ်ရဲ့ ရိုက်တာကိုလည်း ခံခဲ့ရတာပါ။ ဘိုကာ ဂျူနီယာစ်အကယ်ဒမီထွက် ဘာကိုဟာ ၂၀၂၄ မှာ ဘရိုက်တန်ကို ပေါင် ၇ ဒသမ ၉ သန်းနဲ့ ရောက်ခဲ့ပါတယ်။

တနှစ်အကြာမှာ စထရာဘော့ဂ်ကို အငှားသွားပြီး အခု ချဲလ်ဆီးကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ စထရာဘော့ဂ်အသင်း ၂ သင်းစလုံးဟာ တော့ဒ်ဘိုလီ ပိုင်ဆိုင်တဲ့အသင်းတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013