DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးသူရဲကောင်းများအတွက် လင်းလင်း၏ ဂုဏ်ပြုသီချင်း- “ပထမ”(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
May 7, 2020
ကျန်းမာရေးသူရဲကောင်းများအတွက် လင်းလင်း၏ ဂုဏ်ပြုသီချင်း- “ပထမ”(ရုပ်သံ)  (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
Donate to DVB

“လူတောမတိုးတဲ့ အရှုံးရလဒ်တခု… မလိုချင်ခဲ့တဲ့ငါ… မှန်သောစကားကြောင့် လက်ရှိ ငါ့ဘဝ… အင်အားဖြစ်ပါစေ… စွန့်စားမှုနဲ့ ရင်းနှီးထားကြ… ဒီပြိုင်ပွဲတခုမှာ… ခွန်အားတခုက တို့အတွက် အမှတ်တရ… နိုင်ပွဲ ဖြစ်ပါစေ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ တေးသံရှင် လင်းလင်းရဲ့ သီချင်း သစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

“ပထမ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ လင်းလင်းက သူကိုယ်တိုင်ရေး စပ်ထားခဲ့တာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ကိုယ်ကျိုးမငဲ့ဘဲ  နိုင်ငံ့အကျိုး ဆောင်ရွက်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သီဆိုထားခဲ့တာလို့ ဆိုပါတယ်။

“အိပ်မက်တခုနဲ့ ကြိုးစားခဲ့ကြ… ငါတို့ အသွေးအသားမှာ… လက်တကမ်းနားက ရမယ့်ဆုက… ပထမဖြစ်ပါစေ… အို… အာကာကမ္ဘာ ကြယ်တာရာမှာ… အောင်လံကို ခင်းကျင်း… ရေမြေတရာ မြင်လေရာမှာ နေအဆင်း လင်းပါစေ… ကြယ်တာရာ အာကာ တခွင်မှာ အောင်လံကို ခင်းကျင်း… ရှင်သန်ရာ ရေမြေတခွင်မှာ… နေအဆင်း လင်းပါ စေ”

တေးရေးသူတယောက်လည်းဖြစ်၊ အဆိုတော်တယောက်လည်းဖြစ်တဲ့ လင်းလင်း ဟာ “စဉ်းစားပါ”၊ “အမှန်တရား”၊ “သံမဏိလိပ်ပြာ”၊ “စတုတ္ထတော်လှန်ရေး”စတဲ့ တ ကိုယ်တော် တေးအယ်လ်ဘမ်တွေအပါအဝင် အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ သီဆို အောင်မြင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။

ထူးခြားတဲ့ သီချင်းပုံစံတင်ဆက်မှုတွေနဲ့ သူ့သီချင်းတွေဟာ လူငယ်ပရိသတ်တွေ ကြားမှာ ရေပန်းစားသလို နောက်ပိုင်း နိုင်ငံရေးနောက်ခံ အခင်းအကျင်းတွေနဲ့အတူ တမူ ထူးခြားတဲ့ သူ့ရဲ့ သီချင်းတွေနဲ့လည်း လူသိများသူတဦး ဖြစ်ပါတယ်။

သရုပ်ဆောင် အဆိုတော်တဉီးဖြစ်တဲ့ ချစ်သုဝေနဲ့ လက်ထပ်ခဲ့ပြီး ချစ်စရာ အမြွှာသ မီးလေး ၂ ယောက်ဖြစ်တဲ့ “ခေတ်နဲ့သစ်”အမည်နဲ့ ပရဟိတဖောင်ဒေးရှင်းတခုကို ထူ ထောင်ထားခဲ့ကြတာဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ ရှိသူ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဖောင်‌ဒေးရှင်းအနေနဲ့ ကျပ်သိန်း ၁၀၀ မတည်ပြီး COVID-19 ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းတွေအတွက် အလှူငွေ ကောက်ခံပြီး ကျန်းမာရေးဝန် ထမ်းတွေအတွက် လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေကို လှူဒါန်း ပေးနေသလို ချို့တဲ့ နွမ်းပါး အိမ်ထောင်စုတွေအတွက်လည်း ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။

“နွံမှာ ကျွံသလို ဒဏ်ရာတွေမှာ အကြိမ်ကြိမ် နစ်မွန်းပါစေ… အနိုင်ရလဒ်တခုအ တွက် မွေးဖွားခဲ့တဲ့… အတ္တနဲ့ ရုန်းထွက်… နွံမှာ ကျွံသလို ဒဏ်ရာတွေမှာ အကြိမ်ကြိမ် ချော်လဲပါစေ… တို့တွေ… ရင်… ဆိုင်… ရဲ… ဟေး”

လတ်တလောမှာတော့ အသစ်ထွက်ရှိလာတဲ့ ဒီသီချင်းနဲ့ ပတ်သက်ပြီး လင်းလင်း က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

“အနယ်နယ်အရပ်ရပ်မှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကိုယ် ကျိုးမငဲ့ နိုင်ငံသူ,နိုင်ငံသားအကျိုး သယ်ပိုးသူအားလုံးကို တစ်လေးတစ်စား ဂုဏ်ပြုအပ်ပါ သည်။ စစ်မှန်သောလူထုခေါင်းဆောင်နှင့်တစ်ကွ ပြည်သူပြည်သားအားလုံး ကျန်းမာကြ ပါစေ 🙏🏼🙏🏼🙏🏼 Lynn & Treza family”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013