DVB Logo
Home
မြန်မာသတင်း
Grade 11 ကျောင်းသားများကို Virtual Classroom ဖြင့် သင်ကြားနေ (ဓာတ်ပုံ)
DVB
·
May 7, 2020
Grade 11 ကျောင်းသားများကို Virtual Classroom ဖြင့် သင်ကြားနေ (ဓာတ်ပုံ)
1 / 7
Donate to DVB

COVID-19 ရောဂါ ကာကွယ်ဖို့ နေအိမ်တွင်မှာနေထိုင်တဲ့ (Stay at Home) ကာလအတွင်း Grade 11 ကျောင်းသားတွေအတွက် IAC ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းမှ လက်တွေ့စာသင်ခန်းအတွေ့အကြုံအတိုင်း Virtual Classroom နဲ့ ကျောင်းသားတွေကို စတင်သင်ကြားပေးနေတယ်လို့ သိရပါတယ်။

Virtual Classroom/Online learning သင်ကြားမယ့်စနစ်ကို စာသင်သားတွေ အနေနဲ့ phone (သို့) tablet(သို့) computer တလုံးရှိပါက တက်ရောက်နိုင်ပြီး ဘာသာရပ်အလိုပ် ဆရာတွေက နေ့စဉ်သင်ကြားပေးနေပါတယ်။

Zoom application ကို အသုံးပြုကာ ဆရာနဲ့တပည့်၊ သူငယ်ချင်းတွေ အားလုံး တိုက်ရိုက်ထိတွေ့ သင်ကြားနိုင်တဲ့ အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ လာမယ့် ၃ လ အတွင်း ပညာရေးဝန်ကြီးဌာနက မြန်မာ ဒီဂျစ်တယ်ပညာရေးစနစ် (Myanmar Digital Education Platform – MDEP) တည်ဆောက်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Photo - Ye Myo Khant / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013