DVB Logo
Home
မြန်မာသတင်း
YGW ကျောင်းက ဆင်းရဲနွမ်းပါးကလေးငယ် ၄၀၀ ကျော် အလှုရှင်လိုအပ်နေ
DVB
·
May 7, 2020
YGW ကျောင်းက ဆင်းရဲနွမ်းပါးကလေးငယ် ၄၀၀ ကျော် အလှုရှင်လိုအပ်နေ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာအနီးရှိ အဝါရောင်မျိုးဆက်သစ်လူငယ် မိဘမဲ့ကလေးများစောင့်ရှောက်ရေး (Yellow Generation Wave-YGW) ပရဟိတကျောင်းခွဲမှာ ကိုဗစ်ကပ်ရောဂါကြောင့် အလှူရှင်တွေ နည်းပါးနေပြီး လာရောက်ခိုလှုံနေကြတဲ့ ကလေးငယ်တွေရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ကျောင်းကို အကြောင်းအမျိုးမျိုးနဲ့ လာရောက်ခိုလှုံနေကြတဲ့ ကလေးငယ်ပေါင်း ၄၇၃ ယောက်ရှိပြီး တချို့က နေရပ်ပြန်ကြတဲ့အတွက် လက်ရှိမှာ နို့စို့အရွယ်ကလေးငယ်တွေ အပါအဝင် ၂၂၆ ယောက်ရှိနေတယ်လို့ တာဝန်ခံဆရာတော် ဘဒ္ဒန္တ ခေမာသီရိက မိန့်ကြားပါတယ်။

"နဂိုကမှာ လူသိနည်းလို့ အလှူရှင်က နည်းတဲ့အထဲ အခု ကိုဗစ်ရောဂါဖြစ်နေတော့ အလှူရှင်က မရှိသလောက်ဖြစ်သွားတာ။ လောလောဆယ်တော့ ကျောင်းရှိတာလေးတွေရယ်၊ အကြောင်းသိသူတွေက လာယူပေးပါဆိုပြီး လှူတာတွေရယ်နဲ့ ကျွေးမွေးနေတယ်။ တချို့ကလည်း ဆွမ်းကျွေးမယ့်ရက်ကို သတ်မှတ်ပြီးသားတောင် လာမလှူနိုင်တော့ဘူး။ တချို့တော့ Wave Money ကနေ ကုန်ကျစရိတ် လွှဲပေးတာတွေရှိတယ်။" 

YGW ကျောင်းမှာ ရှမ်း၊ ကချင်၊ နာဂ၊ ချင်း၊ ရခိုင်၊ မွန်၊ ကရင်၊ ဗမာ စတဲ့ တိုင်းရင်းသားမျိုးစုံ လာရောက်ခိုလှုံနေကြတာပါ။ အများစုက မိန်းကလေးတွေနဲ့ ကလေးငယ်တွေပဲဖြစ်ပါတယ်။ 

ဒီကျောင်းမှာ ကူရာမဲ့နေတဲ့ မွေးကင်းစကနေ ဆင်းရဲနွမ်းပါးကလေးတွေ အများဆုံးဖြစ်ပါတယ်။ ကလေးငယ်အများစုကတော့ သူတို့ဒေသ မဖွံ့ဖြိုးတဲ့အတွက် ပညာကောင်းကောင်း သင်ယူခွင့်မရလို့ ပညာဆုံးခန်းတိုင် သင်ယူနိုင်ရေးအတွက် လာရောက်ခိုလှုံကြတာလို့ သိရပါတယ်။ 

ကျောင်းမှာ နေသူအားလုံးကို ၁၀ တန်းထိ ကျောင်းထားပေးပြီး ဆယ်တန်းပြီးလို့ ဆက်နေသူတွေကို တက္ကသိုလ်ထားပေးတယ်လို့ သိရပါတယ်။ 

ကျောင်းမှာတော့ ယောက်ျားလေးတတွေကို ရှင်ပြုပေးတာ၊ မိန်းကလေးတွေကို သီလရှင်ဝတ်ပေးတာတွေလည်း ရှိပါတယ်။ 

ဒါ့အပြင် အားကစား၊ မြန်မာ့သိုင်း၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှု၊ အချက်အပြုတ်၊ ပန်းရံ၊ လက်သမား ပညာရပ်တွေကိုလည်း သင်ကြားပေးနေပါတယ်။ 

ကျန်းမာရေးအတွက်လည်း မြင်းမူမြို့နယ်ဆ ဆရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ အနီးအနားက သံချပ်ကာတပ်ရင်းတို့က ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ကလေးငယ်တွေအတွက် အစားအသောက်၊ အဝတ်အထည်တွေ အပြင် နို့စို့အရွယ်ကလေးငယ်တွေအတွက် နို့မှုန့်၊ သေးခံ စတာတွေကအစ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013