DVB Logo
Home
မြန်မာသတင်း
ငွေချေးမယ်ဆိုပြီး တရားမဝင်ကြိုတင်ငွေကောက်နေသည့် ကုမ္ပဏီများကို အရေးယူရန် စစ်ကိုင်းတိုင်းလွှတ်တော် အတည်ပြု 
DVB
·
May 6, 2020
ငွေချေးမယ်ဆိုပြီး တရားမဝင်ကြိုတင်ငွေကောက်နေသည့် ကုမ္ပဏီများကို အရေးယူရန် စစ်ကိုင်းတိုင်းလွှတ်တော် အတည်ပြု 
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းမှာ ချေးငွေလိုင်စင်မရှိဘဲ ကုမ္ပဏီတချို့က ငွေချေးမယ်ဆိုပြီး ကြိုတင်ကောက်ခံ နေတဲ့အပေါ် တိုင်းအစိုးရကနေ ပြတ်ပြတ်သားသား အရေးယူရေးအဆိုကို တိုင်းဒေသကြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ 

ချေးငွေလိုင်စင်မရှိဘဲ တောင်သူတွေကို ငွေချေးမယ်ဆိုကာ မြန်မာမင်္ဂလာသစ်ကုမ္ပဏီနဲ့ အောင်မြင်ချမ်းသာ ပြည်မြန်မာ ကုမ္ပဏီတို့က စစ်ကိုင်းတိုင်းအတွင်း ဝက်လက်၊ ရွှေဘို၊ အရာတော် စတဲ့မြို့နယ်တွေအပြင် တခြားမြို့နယ်တွေမှာ ငွေကြေးကောက်ခံနေတာပါ။ 

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူရေးအဆိုကို မေလ ၄ ရက်နေ့က ကျင်းပတဲ့ တိုင်းလွှတ်တော်အထူးအစည်းအဝေးမှာ ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ဒီအဆိုကို ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့တဲ့ တိုင်းလွှတ်တော်မှာ ဝက်လက်မြို့နယ် ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းက တင်သွင်းခဲ့တာပါ။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကနေ အရာတော်၊ ရွှေဘို၊ ဝက်လက်၊ ကသာ၊ ဝန်းသိုမြို့တွေမှာ စုံစမ်းစစ်ဆေးခဲ့ပြီး တရားမဝင် ငွေကြေးကောက်ခံတာ ပေါ်ပေါက်ခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာမင်္ဂလာသစ်ကုမ္ပဏီနဲ့  အောင်မြင်ချမ်းသာ ပြည်မြန်မာကုမ္ပဏီတို့က ဒါရိုက်တာအဆင့်ရှိသူတွေအပါအဝင် လူ ၉ ဦးကို အရာတော်မြို့နဲ့ ဝန်းသိုမြို့တို့မှာ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေအမှတ် ၅၇၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့နဲ့ မတ်လက တရားစွဲဆိုထားပါတယ်။

အခုလို ငွေချေးလုပ်ငန်းတွေကို ကုမ္ပဏီအမည်ခံတွေတင်မက တချို့နိုင်ငံရေး အဖွဲ့အစည်း တွေရဲ့ ကျောထောက်နောက်ခံနဲ့ ဆောင်ရွက်နေတာတွေလည်း ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်းမှာ တရားဝင်ငွေချေးလုပ်ငန်းလုပ်ကိုင်တာ ၄၆ ခုရှိပြီး INGO ၁ ခု၊ NGO ၅ ခု၊ အစုစပ်ကုမ္ပဏီ ၁ ခု၊ ပြည်တွင်းကုမ္ပဏီ ၁၉ ခု၊ ပြည်ပကုမ္ပဏီ ၂၀ ခု ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013