DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ် Facility Quarantine Center မှ အမျိုးသားတဦး ထွက်ပြေး
DVB
·
May 4, 2020
အင်္ဂပူမြို့နယ် Facility Quarantine Center မှ အမျိုးသားတဦး ထွက်ပြေး
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြိုနယ်၊ မဲဇလီကုန်းမြို့ လိပ်ပေါင်ဆွဲကျေးရွာအုပ်စုရှိ Facility Quarantine မှာ မေလ ၃ ရက်နေ့ နေလယ်ပိုင်းက အမျိုးသားတဦး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

Facility Quarantine Center က ထွက်​ပြေးသွားသူဟာ လိပ်ပေါင်ဆွဲကျေးရွာအုပ်စု ကြံခင်းစုကျေးရွာကဖြစ်ပါတယ်။

ဖျားပုံမြို့နယ်မှာ ရေလုပ်သားလုပ်ကိုင်ခဲ့ကာ လှိုင်သာယာမြို့မှာ သွားရောက်နေထိုင်ခဲ့ပြီး လိပ်ပေါင်ဆွဲအုပ်စု ကြံခင်းစုကျေးရွာကို ဆိုင်ကယ်ကယ်ရီနဲ့ မေလ ၃ ရက်မနက်ပိုင်း ရောက်ရှိလာလို့ Facility Quarantine Center မှာ ၂၁ ရက်စောင့်ကြည့်နေရာကနေ ထွက်ပေးသွားတာပါ။

မဲဇလီကုန်းနယ်မြေရဲတပ်ဖွဲ့စခန်း ဒုရဲအုပ် ဇေယျထွန်းက "ဟုတ်တယ်အကို မနက်ပိုင်းရောက်တယ်၊ ခုနေ့လယ် ကျနော်တို့ကခေါ်ပြီး ထိန်းသိမ်းထားပါတယ်။ ရန်ကုန်တိုင်းအတွင်း ကန့်သတ်ထားတဲ့ ၁၀ မြို့နယ်ကပြန်လာရင်ဝင်လာရင် Facility Quarantine

ဝင်ရမယ်လေ။ ခုကိစ္စကတော့ ကျန်မာရေးဌာနက တရားလိုလုပ်ပြီး တရားရုံးကို ဦးတိုက်လျှောက်မှာလေ။ သူကိုတော့ ကူးဆက်ရောဂါပြန့်ပွားမူဆိုင်ရာဥပဒေနဲ့ အရေးယူမှာပေါ့။ အဲပြစ်ဒဏ်ကလည်း​ ထောင်သုံးလလောက်ကျနိုင်ပါတယ်"  လို့ ပြောပါတယ်။

အင်္ဂပူမြိုနယ်မှာ ပြည်ပပြန်တွေ့နဲ့ ပြည်တွင်းရောဂါတွေရှိရာဒေသက သူတွေကို မြို့နယ်ပြန်ဝင်လာရင် Facility Quarantine ဝင်ဖို့ကျေးရွာအုပ်စုတိုင်းမှာ စီစဉ်ထားရှိနေတာပါ။

အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်ကတော့ "တရားစွဲမှာပါ။ ခုကျနော်ဆီကို စာရေးတင်ထားတယ်။ မနက်ကို ဥပဒေအတိုင်းဆောင်ရွက်ဖို့ ညွှန်းကြားမှာပါ” လို့ DVB ကို​ ပြောပါတယ်။

အင်္ဂပူမြို့နယ်မှာ COVID 19 အရေးပေါ်ကာလအတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေနဲ့ နှစ်ဦးကို ထောင်ဒဏ် ၆ လ၊ ကူးဆက်ရောဂါထိန်းချုပ်မှဒဆိုင်ရာဥပဒေနဲ့ ၁ ဦးကို ​ထောင်ဒဏ် ၃ လ ချမှတ်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013