DVB Logo
Home
မြန်မာသတင်း
မလေးရှားမှ ထိုင်းဘက် တရားမဝင် လာရောက်သည့် မြန်မာအလုပ်သမား ၇ ဦးကို ရဲဖမ်းဆီး
DVB
·
May 1, 2020
မလေးရှားမှ ထိုင်းဘက် တရားမဝင် လာရောက်သည့် မြန်မာအလုပ်သမား ၇ ဦးကို ရဲဖမ်းဆီး
Donate to DVB

မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင်ဖြတ်သန်းဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့အားလုံးဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေသူတွေဖြစ်ကြပြီး မလေး-ထိုင်း ၂ နိုင်ငံနယ်စပ်၊ နရာသီဝပ်ခရိုင်၊ ဆန်းဂိုင်ခိုလွတ်ခ်ဒေသထဲမှာ ဖမ်းဆီးခံခဲ့ရတာလို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ထရိုင်ရာရစ်ထ်ထီမာဟိ ဝေါင်က ဧပြီလ ၂၉ ရက်နေ့က ပြောလိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်သာ ရှိကြသေးတဲ့ ဆယ် ကျော်သက် ၂ ယောက်အပါအဝင် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်မှာ သူတို့ဟာ ဒေသတွင်း ငှားရမ်းထားတဲ့ အိမ်တလုံးထဲမှာ ရှိနေခဲ့ ကြတာဖြစ်ပြီး ထိုင်းနဲ့ မြန်မာပွဲစားတွေဆီကတဆင့် မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့ကြတာလို့ ထွက်ဆိုကြပါတယ်။

မလေးရှားနိုင်ငံကို ရောက်ရှိခဲ့ချိန်မှာတော့ COVID-19 ကပ်ကာလ အားလုံးကို လော့ခ်ဒေါင်းလုပ်နေတဲ့ အချိန်ဖြစ်တာမို့ ထိုင်းနိုင်ငံဘက်ကို တရားမဝင်နယ်စပ်ဖြတ် ကျော်ကာ သူတို့ကို ပို့ခဲ့တဲ့ ပွဲစားတွေရဲ့ အကူအညီနဲ့ ပြန်ဝင်လာခဲ့တာလို့ ပြောပါတယ်။

 အိမ်ထဲမှာတော့ စစ်ဆေးရေးအဖွဲ့ဝင်တွေက မြန်မာပတ်စ်ပို့စ် နိုင်ငံကူးလက်မှတ်  ၁၀၀ လောက်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။

လတ်တလောမှာတော့ သူတို့ကို ဆန်းဂိုင်ခိုလွတ်ခ်ရဲစခန်းဆီ လွှဲပြောင်းပို့ဆောင် ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

စုံစမ်းစစ်ရေးရေးမှူး ဒုညွှန်ကြားရေးမှူးချုပ် ထရိုင်ရာရစ်ထ်ကတော့ နိုင်ငံ ဖြတ်ကျော်တရားမဝင် ဝင်ရောက်ခဲ့မှုအတွက် သူတို့ဟာ ကနဦးပြစ်ဒဏ်ကျခံရမှာဖြစ်ကာ ဒါဟာ လူကုန်ကူးမှုနဲ့ ထပ်ပြီးဆက်စပ်နေမယ်ဆိုရင်တော့ ထပ်တိုးပြစ်ဒဏ်တွေ ချမှတ်ခံ ရနိုင်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ- MALAY MAIL

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013