DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၄ ဦးနှင့် အစိုးရအဖွဲ့များ ရုံးပြန်တက်
DVB
·
April 27, 2020
ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၄ ဦးနှင့် အစိုးရအဖွဲ့များ ရုံးပြန်တက်
Donate to DVB

COVID-19 ထောက်ပံ့ရေးနဲ့ပတ်သက်ပြီး နေရာစုံခရီးသွားခဲ့တဲ့အတွက် social distancing နေထိုင်နေကြတဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး လေးဦးနဲ့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌတို့ဟာ ဧပြီ ၂၇ ရက်နေ့က ပုံမှန်ရုံးပြန်တက်နေပြီဖြစ်ပါတယ်။

ကာကွယ်ရေးပစ္စည်းတွေထောက်ပံ့ဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွေက ရှမ်းပြည်နယ် အရှေ့ပိုင်း ခရီးစဉ်သွားရင်း ရောဂါအလွယ်စစ်ဆေးတဲ့ test kit ကို စမ်းသပ်ကြည့်ရာမှ လွှတ်တော်ဥက္ကဋ္ဌ၊ ကားဆရာနဲ့ ရဲချုပ်ရဲ့ PSO နှစ်ဦးက positive ထွက်တဲ့အတွက် တဖွဲ့လုံး social distancing နေထိုင်ကြတာပါ။

အဲဒီ test kit နဲ့စမ်းသပ်ပြီး positive ထွက်ခဲ့တဲ့ ရှမ်းပြည်နယ် လွတ်တော်ဥက္ကဋ္ဌ ယာဉ်မောင်းနဲ့ ပြည်နယ်ရဲချုပ်ရဲ့ PSO တို့ရဲ့ ဓာတ်ခွဲနမူနာကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနကို ပေးပို့စမ်းသပ်ရာမှာ ဧပြီ ၂၃ မနက်က negative အဖြေထွက်ခဲ့ပါတယ်။

“အဓိကက ကျနော်တို့ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ COVID-19  နဲ့ပတ်သက်တဲ့ဟာ တွေကို လိုက်နာပြီးလုပ်နေတယ်။ ကျနော်တို့သွားခဲ့တဲ့ ခရီးစဉ်က အစိုးရတယောက်ရဲ့ သွားသင့်တဲ့ခရီးစဉ်ဖြစ်နေတယ် အဲတော့ သွားကြတယ် ပြန်လာတယ်၊ ပြန်လာတဲ့အခါ ရုံးတက်ဖို့ ရှိနေတယ်။၊ ရုံးမှာလည်း ဝန်ထမ်းတွေအများ ကြီးရှိတယ်၊ အိမ်မှာလည်း မိသားစုတွေရှိတယ်၊ အားလုံးအတွက် အဆင်ပြေအောင် ရည်ရွယ်ပြီး social distancing နေလိုက်တာပေါ့။ အခုတော့အကုန်လုံး ရုံးပြန်တက်နေပြီ” လို့ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့တွဝင်တွေဟာ social distancing ကို ၄ ရက် ၅ ညနေပြီး အကုန်လုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်လူမှုရေး ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ လုံခြုံရေး၊ ဌာနဆိုင်ရာ ၃၀ ကျော်က ဧပြီ ၂၀ ရက်က တောင်ကြီး မြို့အစိုးရ ဧည့်ရိပ်သာမှာတည်းခိုပြီး social distancing နေခဲ့ကြတာပါ။

ခွန်ရာဇာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013