DVB Logo
Home
ကျန်းမာရေး
COVID-19 ရန်ရှောင်ပြီး ဈေးဘယ်လိုဝယ်ကြမလဲ
DVB
·
April 27, 2020
COVID-19 ရန်ရှောင်ပြီး ဈေးဘယ်လိုဝယ်ကြမလဲ
Donate to DVB

COVID-19 ကပ်ဘေးကြီး စတင်လာကတည်းက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေလည်းပိတ်၊ သွားစရာလာစရာတွေလည်း မရှိနဲ့ အိမ်တွင်းအောင်းနေရတဲ့အပြင် ဟိုနားက ကူးနိုင်တယ် ဒီနားက ကူးနိုင်တယ်ဆိုတဲ့ သတင်းစကားတွေကြောင့်လည်း အပြင်သွားဖို့ အခက်တွေ့နေကြရတယ်မဟုတ်လား။

ဘယ်လိုပဲ အပြင်ထွက်ဖို့ ခက်တယ်၊ သွားဖို့မလွယ်ဘူးပြောပြော နေ့စဉ်စားဝတ်နေရေးအတွက် ဈေးပဲဖြစ်ဖြစ်၊ grocery store တွေကိုပဲဖြစ်ဖြစ် ရက်ခြားတစ်ခါပဲဖြစ်ဖြစ်၊ နေ့စဉ်ပဲဖြစ်ဖြစ်တော့ သွားနေကြရတာပါပဲ။ မသွားရင်လဲ မိသားစုဝင်တွေရဲ့ စားရေးသောက်ရေး အခက်တွေ့မှာလေ။

တစ်ချို့ဒေသတွေမှာ မိသားစုဝင်တစ်ယောက်ကို အပြင်ထွက်ခွင့်ပေးထားပြီး တချို့ဒေသတွေမှာတော့ အိမ်ထောင်ဦးစီးကိုသာ အပြင်ထွက်ခွင့်ပေးထားပါတယ်။ ရောဂါကပ်ဘေးကာလအတွင်း ဘယ်လိုပဲဖြစ်ဖြစ် အပြင်ထွက်ရပြီဆိုတာနဲ့ ဘေးအန္တရာယ်ကိုတော့ စိုးရိမ်ကြရတာပါပဲ။

ခုလိုအချိန်မှာ ဈေးသွား ဈေးဝယ်သူတွေကို ဘေးကင်းရန်ကွာ ဈေးဝယ်နိုင်မယ့် နည်းလမ်းမျိုးကို လမ်းညွှန်ပေးရမယ်ဆိုရင် လူတိုင်းအတွက် အသုံးတည့်နိုင်မယ်ထင်ပါတယ်။

အိမ်ကနေ မထွက်ခင်


အိမ်ကနေ မထွက်ခင်မှာ အောက်ပါ အချက်တွေကို သေချာကျနာစွာ စီစဉ်ပါ။

  • ဈေးဝယ်မယ့် စာရင်းကို တိကျသေချာစွာ မှတ်သားပါ

  • ကိုယ်ဝယ်ယူချင်တဲ့ ပစ္စည်းပစ္စယတွေ ရနိုင်တဲ့ ဆိုင်ကို သေချာရွေးချယ်ပြီးမှ အပြင်ထွက်ပါ

  • မသွားခင်မှာ လက်ဆေးပါ

  • Mask တပ်သွားပါ

  • တစ်ဦးတည်း သွားပါ

  • ကလေးငယ်တွေကို လုံးဝ ခေါ်ဆောင်မသွားပါနဲ့

  • ကိုယ်တိုင်က ဖျားနာနေရင် ဈေးဝယ်မထွက်ပါနဲ့

  • သက်ကြီးရွယ်အိုတွေကို ဈေးဝယ်မထွက်ခိုင်းပါနဲ့


ဆိုင်ရောက်တဲ့အခါ


ဈေးဝယ်မယ့် ဆိုင်၊ ဒါမှမဟုတ် စတိုးကို ရောက်ပြီဆိုရင် အောက်ပါအချက်တွေကို လိုက်နာပါ။

  • ဝယ်ယူမယ့်နေရာကို ရောက်ရင် အမြန်ဆုံး ဝယ်ယူပါ

  • တတ်နိုင်သမျှ လူရှင်းနိုင်ခြေများတဲ့ အချိန်မှာ ဈေးဝယ်ပါ

  • စတိုးဆိုင်တွေထဲကို ဝင်ချိန်မှာ တံခါးလက်ကိုင်ဘု၊ တံခါးလက်ကိုင်တွေကို မကိုင်တွယ်ဖြစ်အောင် ဂရုစိုက်ပါ

  • စတိုးဆိုင်နဲ့ Shopping Mart တွေက ခြင်းနဲ့ လက်တွန်းလှည်းတွေကို ကိုင်တွယ်ရာမှာ Wipe နဲ့ သန့်စင်ပြီးမှ ကိုင်တွယ်ပါ

  • ဒါမှမဟုတ် ဒီအတိုင်း လက်ဗလာကိုင်တွယ်မိရင် အသုံးပြုပြီးချိန်မှာ hand sanitizer ဒါမှမဟုတ် ရေ၊ ဆပ်ပြာတို့နဲ့ ချက်ချင်း လက်ဆေးပစ်ပါ

  • ဖြစ်နိုင်ရင် လက်အိတ်စွပ်သွားပါ (နေအိမ်ပြန်ရောက်ချိန်မှာ ချက်ချင်းစွန့်ပစ်ပါ)။


ပိုက်ဆံရှင်းချိန်မှာ


စတိုးဆိုင်တွေ၊ Mart တွေမှာ ပိုက်ဆံရှင်းချိန်တွေမှာ အောက်ပါ နည်းလမ်းတွေကို လိုက်နာပါ။

  • ဈေးဝယ်ယူပြီး ပစ္စည်းတွေ ထည့်ဖို့ အိတ်ကို နေအိမ်ကနေ ယူသွားပါ

  • တခြား ငွေရှင်းရန် စောင့်ဆိုင်းနေသူတွေနဲ့ ၆ ပေ အကွာကနေ တန်းစီ စောင့်ဆိုင်းပါ

  • လက်ဆွဲနှုတ်ဆက်တာမျိုး မလုပ်ပါနဲ့

  • ဖြစ်နိုင်ရင် ငွေပေးချေမှုအတွက် Card စနစ်တွေ အသုံးပြုပါ

  • ငွေသားနဲ့ ပေးချေရမယ့် ဆိုင်တွေမှာ ဝယ်ယူချိန်မှာ ပြန်အမ်းငွေ ပြန်ရစေဖို့ တတ်နိုင်သမျှ ငွေအကြွေတွေ ဆောင်သွားပါ၊ လူပေါင်းစုံကိုင်ဆောင်ထားတဲ့ ငွေသားတွေဟာ ရောဂါပိုးကူးစက်နိုင်ခြေမြင့်မားတာကြောင့်ဖြစ်ပါတယ်။


အိမ်ပြန်ရောက်တဲ့အခါ



  • လက်ကို ရေနဲ့ဆပ်ပြာ အသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကျောသန့်စင်ပါ

  • ပြန်လာချိန်မှာ လက်ဆေးပါ

  • အိမ်ပြန်ရောက်ချိန်မှာ အဝတ်အစားတွေကို ချက်ခြင်း လဲလှယ်ပစ်ပြီး လျှော်ဖွပ်ဖို့ စီမံပါ

  • ဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေထဲက ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကလွဲပြီး ကျန်ပစ္စည်းတွေကို Wipe နဲ့ သန့်ရှင်းပေးပါ

  • ပြီးလျှင် ဆပ်ပြာနဲ့ လက်ကို ပြန်သန့်စင်ပါ

  • အစားအသောက်တွေကို မချက်ပြုတ်ခင်မှာ လက်ဆေးပါ

  • ပန်းကန်နဲ့ ဇွန်းတွေကို မျှဝေမသုံးစွဲပါနဲ့။


ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013