DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၁၄၆ နှင့် ထိတွေ့မှုရှိသည့် ဆူရှီဆိုင်ဝန်ထမ်း ၇ ဦးကို Quarantine Center ပို့
DVB
·
April 26, 2020
လူနာအမှတ် ၁၄၆ နှင့် ထိတွေ့မှုရှိသည့် ဆူရှီဆိုင်ဝန်ထမ်း ၇ ဦးကို Quarantine Center ပို့
Donate to DVB

COVID-19 အတည်ပြုလူနာအမှတ် ၁၄၆ နဲ့ ထိတွေ့မှုရှိတဲ့ ဆူရှီဆိုင်ဝန်ထမ်း ၇ ဦးကို Quarantine Center ပို့လိုက်ပြီလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ 

COVID-19 ကူးစက်ခံရတဲ့ လူနာအသစ် ၂ ဦးထဲက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က ပိုးတွေ့လူနာ ၁၄၆ ဟာ လူနာအမှတ် ၁၃၉ ရဲ့ အမျိုးသားဖြစ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံယူနေတုန်း ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

COVID-19 အတည်ပြုလူနာနံပါတ် ၁၄၆ ဟာ ပါရမီလမ်းမှာ ဆူရှီဆိုင်ဖွင့်လှစ်ထားသူတဦး ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူရဲ့ဆိုင်ကို Lockdown လုပ်ထားပြီး ဆိုင်ဝန်ထမ်း ၇ ဦးကိုလည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနကနေ Quarantine Center ကို ခေါ်ယူသွားပြီလို့ လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဒေါ်ခိုင်မာဌေးက ပြောပါတယ်။

လူနာအမှတ် ၁၄၆ နေထိုင်ခဲ့တဲ့ ကမာရွတ်မြို့နယ် အောင်မေတ္တာ ၁ လမ်းက နေအိမ်ကိုလည်း Lockdown ချထားပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီနေ့ မွန်းလွဲပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆ ဦး၊ သေဆုံးသူ ၅ ဦးနဲ့  ရောဂါပိုးကင်းစင်လာသူ ၁၀ ဦးရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများစုမှာ ရန်ကုန်တိုင်းကဖြစ်ပြီး လက်ရှိ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရသူ ၃ ဦးရှိပါတယ်။ 

ကျန်ရှိနေတဲ့ ရောဂါပိုး ကူးစက်ခံရပြီး ဆေးရုံတက်ရောက်နေတဲ့ လူနာတွေကတော့ ကျန်းမာ ရေး ကောင်းမွန်တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013