DVB Logo
Home
မြန်မာသတင်း
စိုင်းစိုင်းမွေးနေ့ပွဲကရရှိသည့် အလှူငွေကျပ် သိန်း ၃၀၀ ကို ကျန်းမာရေးဌာနသို့ လှူဒါန်း
DVB
·
April 24, 2020
စိုင်းစိုင်းမွေးနေ့ပွဲကရရှိသည့် အလှူငွေကျပ် သိန်း ၃၀၀ ကို ကျန်းမာရေးဌာနသို့ လှူဒါန်း
Donate to DVB

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့မွေးနေ့ဖျော်ဖြေပွဲကနေ ရရှိတဲ့ အလှူငွေတွေထဲက သိန်း ၃၀၀ ကို ဒုတိယအကြိမ်အလှူအဖြစ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကို လှူဒါန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ကျရောက်တဲ့ အသက် ၄၁ နှစ် ပြည့်မွေးနေ့အထိမ်း အမှတ်ဖျော်ဖြေပွဲကို လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် အိပ်ခန်း ထဲက ဖျော်ဖြေပွဲအသွင်နဲ့ ကျင်းပခဲ့တာပါ။

“Sai Sai Birthday Show” in Bedroom လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကို တော့ UAB Bank နဲ့ ပူးပေါင်းလုပ်ဆောင်ထားတဲ့ Sai Sai Pay အပလီကေးရှင်း ကနေတ ဆင့် အခမဲ့ ကြည့်ရှုနိုင်အောင် စီစဉ်ခဲ့တာ ဖြစ်ပြီး မွေးနေ့ရှိုးပွဲကို ကြည့်ရှုရင်း ပရိသတ် တွေအနေနဲ့ COVID-19 ဗိုင်းရပ်စ်တိုက် ဖျက်ရေးဆိုင်ရာ လုပ်ငန်းရန်ပုံငွေအဖြစ် လှူဒါန်း မှုတွေ ပြုလုပ်နိုင်သလို စိုင်းစိုင်းအနေနဲ့ ဒီပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးကို COVID-19 ကယ်ဆယ်ရေးအတွက် ရန်ပုံ‌ငွေနဲ့ တခြားလိုအပ်တဲ့ နေရာတွေဆီ လှူဒါန်းမှာ ဖြစ်တယ်လို့ ကြေညာခဲ့တာပါ။

အဲဒီကနေ ရရှိတဲ့ ကျပ်သိန်း ၃၀၀ ကိုတော့ ကိုဗစ်ကော်မတီကို ကနဦးလှူဒါန်းမှု ပြုခဲ့တာဖြစ်ပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကို လှူဒါန်းမှုကတော့ ဒုတိယ အကြိမ် ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာတော့ ပရိသတ် ၂၀၀၀ ကျော်နဲ့ အလှူရှင်၊ အလှူငွေစာရင်းတွေကိုပါ ယှဉ်တွဲဖော်ပြထားခဲ့ပြီး စုစုပေါင်း ငွေကျပ် ၈၀၂,၇၉,၈၆၀ နဲ့ အမေရိကန်ဒေါ်လာ ၃၀၀၀ ရရှိခဲ့တာ ဖြစ်ပါတယ်။

ကျန်တဲ့ငွေတွေနဲ့ထပ်မံလှူဒါန်းမှုတွေနဲ့ ပတ်သက်ပြီး စိုင်းစိုင်းက ခုလိုရေးသား ဖော်ပြထားခဲ့တာပါ။

“COVID ကော်မတီကို သိန်း  ၃၀၀ နဲ့ ပြည်သူ့ကျန်းမာရေးကို  သိန်း ၃၀၀ လှူဒါန်း ပြီးပါပြီ။ ကျန် ငွေ ၂၀,၂၇၉,၈၆၀ နဲ့ USD 3,000 ကို ကျွန်တော်လှူမယ့်  အလှူငွေနဲ့ ထပ်ပေါင်းပြီး နောက် ထပ်တစ်နေရာမှာ ထပ်လှူပါမယ်”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013