DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့တွင် မိုးသက်လေပြင်းကြောင့် ဓာတ်မီးတိုင်များ ကျိုးကျ၊ ထရန်စဖော်မာ ပျက်စီး
DVB
·
April 22, 2020
မိုးညှင်းမြို့တွင် မိုးသက်လေပြင်းကြောင့် ဓာတ်မီးတိုင်များ ကျိုးကျ၊ ထရန်စဖော်မာ ပျက်စီး
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ဧပြီ ၂၁ ရက် ည ၇ နာရီ လောက်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်  ထရန်စဖော်မာနဲ့ ဓာတ်အားလိုင်းတိုင် ၅၀ ကျော် ကျိုးကျ ပျက်စီးသွားတယ်လို့  မိုးညှင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဇေယျာလွင်က ပြောပါတယ်။

“ကျနော်တို့ကို  ညကတည်းက အထက်အဆင့်ဆင့်ကနေ ဖုန်းနဲ့ဆက်ပြီး ညွှန်ကြားတာတွေ ရှိပါတယ်။ ဒါကြောင့်ဌာနက ကရိန်းကားတစ်စီး၊ အပြင်ကငှားတဲ့ ကရိန်းကားတစီးနဲ့ ညတွင်းချင်း လမ်းတွေသွားလို့ရအောင် ရှင်းလင်းပါတယ်။ ခုအချိန်က COVID-19 ရောဂါဖြစ်ပွားနေချိန်ဆိုတော့ လျှပ်စစ်ရအောင် ဌာနက အင်အား ၂၀ နဲ့ အပြင်ကန်ထရိုက်ဌာနက လူအင်အားတွေသုံးပြီး အမြန်ဆောင်ရွက်နေပါတယ်။” 

လေပြင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ထရန်စဖော်မာတွေကို ပြင်ဆင်နေရာမှာ ထရန်စဖော်မာ တလုံးပြီးရင် ဧရိယာတခုချင်းစီအလိုက် တဆင့်ပြီးတဆင့် မီးပေးသွားမယ်လို့လည်း  မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇေယျာလွင်က ပြောပါတယ်။

ဓာတ်အားလိုင်းတိုင်တွေ လဲကျပျက်စီးတာဟာ တာဝန်ယူလုပ်ဆောင်တဲ့ ကန်ထရိုက်တွေ မသေချာလို့ ပျက်စီးများတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

မြို့ခံ အငြိမ်းစား ကျောင်းဆရာ ဦးစောလှကတော့ ဓာတ်မီးတိုင် ပြုလုပ်တဲ့နေရာမှာထည့်တဲ့ သံပင်တွေ သေးငယ်သလို ထည့်တဲ့ကျောက်တွေဟာလည်း ကျောက်ကြီးတွေဖြစ်နေပြီး သဲက ရေ မဆေးတဲ့တွက် နုန်းမြေတွေ ပါဝင်လို့ အလွယ်တကူ ကျိုးကျတာ ဖြစ်တယ်လို့ ပြောပါတယ်။

မိုးညှင်းမြို့မှာ 11.KV လိုင်းတိုင် ၃၅ တိုင်၊  0.4 KV လိုင်းတိုင် ၁၈ တိုင်နဲ့ အောင်သပြေ ၁ ရှိ 200 KVA ထရန်စဖော်မာတလုံး ပျက်စီးပြိုကျခဲ့တာ ဖြစ်ပါတယ်။

ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013