
ယူကရိန်းဒရုန်းတွေက ရုရှားကို ညလုံးပေါက် တိုက်ခိုက်ခဲ့လို့ အရပ်သား ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အွန်လိုင်းလက်လီအရောင်းဆိုင်အာဇွန်က ပိုင်ဆိုင်တဲ့ဂိုဒေါင်နဲ့ ဆာမာရာဒေသက စက်မှုလုပ်ငန်းစက်ရုံတခုကိုလည်း ထိမှန်ခဲ့တယ်လို့ ရုရှားဒေသဆိုင်ရာအရာရှိတွေက သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။
မျက်မြင်သက်သေဗီဒီယိုတခုမှာ ဂိုဒေါင်အပေါ်ကနေ မီးခိုးထူထူတွေ တက်နေတာကို ပြသထားပါတယ်။
ယူကရိန်းဒရုန်းတွေက အာဇွန် ပိုင်ဆိုင်တဲ့ စက်မှုလုပ်ငန်းစက်ရုံနဲ့ ဂိုဒေါင်တခုကို ထိမှန်ခဲ့တယ်လို့ ရုရှားနိုင်ငံ ဆာမာရာဒေသရဲ့ အုပ်ချုပ်ရေးမှူးက အတည်ပြုပါတယ်။
ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး အွန်လိုင်းရောင်းချသူ အာဇွန်ကလည်း Telegram မှာ ကြေညာချက် ထုတ်ပြန်ပြီး ချာပါယက်ဗ်စ်ခ်မြို့မှာရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေး စင်တာကို တိုက်ခိုက်မှုအပြီး လုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ပြောပါတယ်။
Source: Reuters











