DVB Logo
Home
မြန်မာသတင်း
အခက်အခဲဖြစ်နေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို စားသုံးကုန်များ လှူဒါန်း
DVB
·
April 20, 2020
အခက်အခဲဖြစ်နေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို စားသုံးကုန်များ လှူဒါန်း
Donate to DVB

COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလမှာ အခက်အခဲဖြစ်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ဆန်၊ ဆီ၊ လှူဒါန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

ဒီလိုဝေတာကို တတ်နိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ လှူဒါန်းငွေတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးကူညီမှုအစီအစဉ်က လုပ်အားစိုက်ထုတ် လုပ်ဆောင်တာပါ။ 

COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလ နိုင်ငံရေးအကျဉ်းဟောင်းတွေမှာ စီးပွားရေး ထိခိုက်တာတွေရှိပြီး အခက်အခဲမရှိစေဖို့ လုပ်ဆောင်တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးကူညီမှုအစီအစဉ် တာဝန်ရှိသူတဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဆန် ၁၀ ပြည်၊ ဆီ ၅၀ ကျပ်သား ဝေတာဖြစ်ပြီး မန္တလေးမြို့နဲ့ အနီးတဝိုက်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကျော်ကို ထောက်ပံ့ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013