အခက်အခဲဖြစ်နေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို စားသုံးကုန်များ လှူဒါန်း
DVB
·
April 20, 2020

COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလမှာ အခက်အခဲဖြစ်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ဆန်၊ ဆီ၊ လှူဒါန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလိုဝေတာကို တတ်နိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ လှူဒါန်းငွေတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးကူညီမှုအစီအစဉ်က လုပ်အားစိုက်ထုတ် လုပ်ဆောင်တာပါ။
COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလ နိုင်ငံရေးအကျဉ်းဟောင်းတွေမှာ စီးပွားရေး ထိခိုက်တာတွေရှိပြီး အခက်အခဲမရှိစေဖို့ လုပ်ဆောင်တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးကူညီမှုအစီအစဉ် တာဝန်ရှိသူတဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ဆန် ၁၀ ပြည်၊ ဆီ ၅၀ ကျပ်သား ဝေတာဖြစ်ပြီး မန္တလေးမြို့နဲ့ အနီးတဝိုက်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကျော်ကို ထောက်ပံ့ပေးခဲ့ပါတယ်။