DVB Logo
Home
မြန်မာသတင်း
ညောင်ရွှေမြို့က ဟိုတယ်ဝန်ထမ်းနှင့် ကားဆရာများ ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ပေး
DVB
·
April 19, 2020
ညောင်ရွှေမြို့က ဟိုတယ်ဝန်ထမ်းနှင့် ကားဆရာများ ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ပေး
1 / 2
Donate to DVB

COVID-19 လူနာအမှတ်-၈ နဲ့ထိတွေ့ခဲ့တဲ့ ညောင်ရျွေမြို့က ဟိုတယ်ဝန်ထမ်းနဲ့ ကားဆရာတွေ ကျန်းမာရေး ကောင်းမွန်တဲ့အတွက် Quarantine Center ကနေ ဒီနေ့ နေရပ်ကို ပြန်ခွင့်ပေးပါတယ်။

လူနာအမှတ်-၈ တည်းခိုခဲ့တဲ့ ညောင်ရွှေမြို့ ရွှေကျွန်းမျောဟိုတယ် ၁ မှာ အတည်ပြုလူနာ စတွေ့ချိန်ကတည်းက ဟိုတယ်ဝန်ထမ်းအားလုံး Quarantine ဝင်ခိုင်းပြီး ၂၁ ရက်အတွင်း ကျန်းမာရေးကောင်းမွန်တဲ့အတွက် နေရပ်ပြန်ခွင့်ပေးလိုက်တာလို့ ရွှေကျွန်းမျော ဟိုတယ် (1) ဒုမန်နေဂျာ ခွန်ဘဟိန်က ပြောပါတယ်။

“အကုန်လုံး ကျန်းကျန်းမာမာပဲဗျ၊ အကုန်လုံး အိမ်ပြန်လွှတ်လိုက်ပြီ။ အိမ်မှာလည်း Quarantine ဆက်လက်နေခိုင်းတယ်၊ မြို့နယ် ကျန်းမာရေးဌာနက လာရောက်ကြည့်ရှုပေးတယ်၊ ဘာရောဂါလက္ခဏာမှမရှိဘူး။” 

လူနာအမှတ်-၈ ဟာ ပြင်သစ်နိုင်ငံသားနဲ့အတူ မတ်လ ၂၀ ရက်က ညောင်ရွှေမြို့ ရွှေကျွန်းမျော ဟိုတယ်မှာ နှစ်ည လာရောက်တည်းခိုခဲ့ပါတယ်။

လူနာ ရောဂါ positive ထွက်ကတည်းက ဟိုတယ်မှာရှိတဲ့ ဝန်ထမ်း ၆၁ ဦးကို Quarantine ဝင်ခိုင်းပြီး ဟိုတယ်ကိုလည်း Lock Down ချခဲ့ပါတယ်။

လက်ရှိ ညောင်ရွှေမြို့မှာ လူနာအမှတ် ၈ နဲ့ ထိတွေ့ခဲ့တဲ့သူတွေအားလုံး Quarantine ၂၁ ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ညောင်ရွှေမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာကောင်းမြတ်က ပြောပါတယ်။

“လူနာအမှတ်-၈ နဲ့ အကြာဆုံးထိတွေ့ခဲ့တဲ့ ကားဆရာရယ်၊ စပယ်ယာရယ်၊ နောက် ရန်ကုန် မှာ တလမ်းတည်းနေတဲ့ ညောင်ရွှေသားရယ်ကို ဓာတ်ခွဲနမူနာစစ်တော့ အားလုံး negative ထွက်တယ်။ ကျန်တဲ့သူတွေအားလုံးလည်း Quarantine ၂၁ ရက်ပြည့်ပြီး အားလုံးကောင်းမွန်နေပါတယ်။”

ညောင်ရွှေမြို့နယ်မှာ quarantine စောင့်ကြည့်စခန်းတွေမှာ နိုင်ငံခြားက ပြန်လာသူတွေပဲ ကျန်ရှိနေပြီး ညောင်ရွှေ ပြည်သူ့ဆေးရုံမှာ ၄ ဦး၊ အထက ၁ ကျောင်းမှာ ၅ ဦးသာရှိပြီး အားလုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဆိုပါတယ်။



ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013