DVB Logo
Home
မြန်မာသတင်း
COVID-19 အတည်ပြုလူနာ အသစ် ၆ ဦး ထပ်တွေ့၊ ၁ ဦး သေဆုံး
DVB
·
April 18, 2020
COVID-19 အတည်ပြုလူနာ အသစ် ၆ ဦး ထပ်တွေ့၊ ၁ ဦး သေဆုံး
Donate to DVB

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အသစ် ၆ ယောက် ထပ်တွေ့ရပြီး ၁ ယောက်ထပ်ပြီး သေဆုံးသွားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၁၇ ရက် မနေ့က တိုင်းနဲ့ပြည်နယ်အသီးသီးက ပေးပို့ထားတဲ့ COVDI-19 စောင့်ကြည့်လူနာ ၁၇၇ ယောက်နဲ့ အသွားအလာကန့်သတ် တားမြစ်ထားသူ ၂၀၁ ယောက်ရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့တာပါ။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကနေ ညဘက်မှာ ဓာတ်ခွဲစစ်ဆေးအဖြေတွေ ထုတ်ပြန်ချက်အရ ၆ ယောက်မှာ ရောဂါပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။

မနေ့က ပထမအသုတ် စစ်ဆေးခဲ့တဲ့ ၉၃ ယောက်ထဲမှာ ၃ ယောက်မှာ ပိုးတွေ့တာကြောင့် မနေ့က စစ်ဆေးခဲ့တာတွေကနေ ၉ ယောက် အသစ်တိုးလာတာပါ။

ဒါကြောင့် လက်ရှိမှာ COVDI-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၉၄ ယောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဧပြီ ၁၇ ရက်မှာ ဓာတ်ခွဲအတည်ပြုခဲ့တဲ့ အင်းစိန်ဆေးရုံကြီးက ဓာတ်ခွဲအတည်ပြု လူနာတွေထဲက အသက် ၇၈ နှစ်အရွယ် လူနာတယောက်ဟာ ဒီနေ့ မနက်အစောပိုင်း ၂ နာရီကျော်က သေဆုံးခဲ့ပါတယ်။

သူဟာ ဆီးချိုနဲ့သွေးတိုးရောဂါအခံရှိသူဖြစ်ပြီး ဧပြီ ၁၃ ရက်နေ့မှာ ရောဂါလက္ခဏာတွေ ခံစားရတာကြောင့် ဧပြီ ၁၅ ရက်မှာ အင်းစိန်ဆေးရုံကြီးကို တက်ရောက်ခဲ့ရပါတယ်။

သူ့ကို ရောဂါဓာတ်ခွဲအတည်ပြုပြီးနောက် ဧပြီ ၁၇ ရက်နေ့မှာ ဝေဘာဂီဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်ကို လွှဲပြောင်းကုသနေခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

သူ သေဆုံးရတဲ့ အကြောင်းရင်းကတော ပြင်းထန်အဆုတ်ရောင်ရောဂါ(COVID-19)ကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာနဲ့ သွေးတိုးရောဂါအခံနဲ့ ဆီးချိုရောဂါတို့ကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် သေဆုံးလူနာ စုစုပေါင်းဟာ ၅ ယောက်ရှိလာပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ကုသပေးနေတဲ့ လူနာ ၃ ယောက်ကို အထူးကြပ်မတ် ကုသဆောင်မှာ ကုသပေးနေပြီး လက်ရှိ အတည်ပြုလူနာတွေနဲ့ ပတ်သက်တဲ့ သတင်းအကျယ်ကို ထပ်ပြီး ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013