
လီဗာပူးအသင်းရဲ့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်ကစားသမား ဘရက်ဒလီဘာကိုလာဟာ တနာရီ ၂၂ ဒသမ ၃ မိုင် အမြန်နှုန်းနဲ့ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမား ဖြစ်လာပါတယ်။
ဘာကိုလာဟာ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ကစားသမားထက် ပိုမိုမြန်ဆန်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမား ၂၀ စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ လီဗာပူးအတွက် ပွဲထွက်ကစားခဲ့တဲ့ ၂ ပွဲ စလုံး မှာတော့ ခြေစွမ်းပြတာ မတွေ့ရသေး ပါဘူး။
ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့ဖူးတဲ့ ဘာကိုလာဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ပေါင် ၁၂၃ သန်းနဲ့ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။
သူဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့သူဖြစ်ပြီး မြန်ဆန်တဲ့ ကစားသမား တယောက်အဖြစ်လည်း အမည်ကောင်း ရရှိထားသူ ဖြစ်ပါတယ်။
Photo:Reuters










