DVB Logo
Home
မြန်မာသတင်း
အဆိုတော်နီတာ COVID-19 ရောဂါကူးစက်ခံရ  
DVB
·
April 16, 2020
အဆိုတော်နီတာ COVID-19 ရောဂါကူးစက်ခံရ  
Donate to DVB

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဧပြီ ၁၆ရက် မနက်ပိုင်းထုတ်ပြန်တဲ့ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၁ ယောက်စာရင်းမှာ ပါဝင်လာကြောင်း အဆိုတော် နီတာက ဒီဗွီဘီကိုပြောပါတယ်။

မတ်လ ၂၉ ရက်က  ၈ မိုင်နားက ဘုရားကျောင်းတခု Live အစီအစဉ်မှာ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ အဆိုတော်နီတာဟာ သူ့ရဲ့ဓာတ်ခွဲနမူနာကို ပေးပို့စစ်ဆေးခဲ့ရာမှာ COVID-19    ရောဂါ ပိုးတွေ့ရှိခဲ့တာပါ။

Live အစီအစဉ်မှာ အနုပညာရှင်တချို့ပါပါပြီး ၊ လတ်တလောတွင် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သီရိရှင်းသန့်ကလည်း စစ်ဆေးမှုခံယူထားပြီး ဒီကနေ့ဓာတ်ခွဲအဖြေမှာ Negative ဖြစ်ခဲ့တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

အဆိုတော်နီတာဟာ ဧပြီ ၁ ရက်ကနေ  ၈ ရက်နေ့အထိဖျားခဲ့ကြောင်း၊ နေအိမ်မှာ နေနေရာက  နေကျန်းမာရေးဝန်ကြီးဌာနကို အကြောင်းကြားပြီးနောက် ဧပြီ ၁၄ရက်နေ့ကစပြီး အင်းစိန်ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်တက်ခဲ့ကြောင်း၊ အခုလက်ရှိမှာတော့ ဝေဘာဂီဆေးရုံကို လွှဲပြောင်းပြီး ဆေးကုသမှုခံယူနေကြောင်းနဲ့ လက်ရှိမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ဒီနေ့မနက်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၈၅  ဦးရှိပြီဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးကို သက်ဆိုင်ရာဆေးရုံတွေကို လွှဲပို့ကုသမှုပေးသွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013