DVB Logo
Home
မြန်မာသတင်း
COVID-19 ဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေး အတိုင်ပင်ခံပုဂ္ဂိုလ် အွန်လိုင်းက ပါဝင်ဆွေးနွေး
DVB
·
April 14, 2020
COVID-19 ဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေး အတိုင်ပင်ခံပုဂ္ဂိုလ် အွန်လိုင်းက ပါဝင်ဆွေးနွေး
Donate to DVB

အွန်လိုင်းကနေ Video conferencing စနစ်နဲ့ ဧပြီ ၁၄ ရက်မနက်က ကျင်းပတဲ့ COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေးနဲ့  အာဆီယံ+၃ အထူးထိပ်သီး အစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တက်ရောက် ဆွေးနွေးပါတယ်။

အထူးထိပ်သီးအစည်း အဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးကနေ ပါဝင်ဆွေးနွေးခဲ့ရာမှာ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာမယ့် ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ အစိုးရအဖွဲ့တစ်ရပ်လုံး ပူးပေါင်းပါဝင်တဲ့ ချဉ်းကပ်မှုပုံစံနဲ့ တုံ့ပြန်ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုရယူခြင်းနည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပြေကြားခဲ့ပါတယ်။

 P လေးလုံး ဖြစ်တဲ့ နိုင်ငံရေး ဉီးဆောင်မှု (Political leadership) ၊ ကြိုတင်ကာကွယ်ရေးအစီအမံ (Preventive measures)၊ ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှု (Peoples’ participation) နဲ့ မိတ်ဖက်များ (Partners) တွေရဲ့ ကူညီပံ့ပိုးမှု တို့ကို အလေးထားဆောင်ရွက်တာဟာ ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ လူမှု-စီးပွားထိခိုက်နစ်နာမှု လျော့ချရေးတို့အတွက် အရေးကြီးကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ COVID-19 ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးတို့မှာ အကူအညီပေးတဲ့ မိတ်ဖက်နိုင်ငံတွေ အားလုံးကို ကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းပြောကြားသွားပါတယ်။

ဒါ့အပြင် အကျပ်အတည်းကာလမှာ ဒေသအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေး၊ သာယာဝပြောရေးနဲ့ ဘေးကင်းလုံခြုံစွာ သွားလာနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအိမ်ရှင် နိုင်ငံတွေက လုံလောက်တဲ့အကူအညီတွေနဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ ကူညီပံ့ပိုးပေးရေးကိုလည်း ပြောကြားခဲ့တယ်လို့ မြန်မာနို်ငငံခြားရေး ဌာနကထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်အသီးသီးကလည်း COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် ဆောင်ရွက်နေကြတဲ့ အစီအမံတွေ၊ အတွေ့အကြုံတွေနဲ့ အလေ့အကျင့်ကောင်းတွေကို ဆွေးနွေးဖလှယ်ပြောကြားခဲ့ကြပါတယ်။

ဒါ့အပြင် COVID-19 ကူးစက်ရောဂါ တုံ့ပြန်မှုဆိုင်ရာ အာဆီယံ ရန်ပုံငွေတစ်ရပ် ထူထောင်ရေး၊ ကူးစက်ရောဂါဆိုင်ရာ ပူးတွဲသုတေသန ပြုလုပ်ခြင်းနဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်ခြင်းတို့မှာ ပူးပေါင်းဆောင်ရွက်ရေး၊၊ ကမ္ဘာ့ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာမယ့် လူမှုရေးနဲ့ စီးပွားရေးထိခိုက် နစ်နာမှုတွေ ဖြေရှင်းရမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အကျပ်အတည်းကာလမှာအရေးကြီးတဲ့ ကုန်ပစ္စည်းတွေ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အထောက်အကူပြုပစ္စည်းတွေ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် အပြန်အလှန် ကူညီပံ့ပိုးရေးနဲ့ COVID-19 အလွန်ကာလပြန်လည် ထူထောင်ရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။ 

အာဆီယံအထူးထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်တဲ့ကြေညာစာတမ်းမှာတော့ COVID-19 ထိန်းချုပ်ရေးနဲ့ ပြည်သူတွေကို အကာအကွယ်ပေးရေး အတွက် သတင်းအချက်အလက်တွေနဲ့ တုံ့ပြန်ရေးအစီအမံတွေ အချိန်မီဖလှယ်ကြဖို့ ၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာအရေးပေါ်ပစ္စည်းတွေကူညီပံ့ပိုးရေးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ တတိယနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ အာဆီယံ နိုင်ငံသားတွေကို ကူညီထောက်ပံ့ဖို့ ၊ စားနပ်ရိက္ခာ၊ ကုန်ပစ္စည်း၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ မရှိမဖြစ်ပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဒေသတွင်း ထောက်ပံ့မှုလမ်းကြောင်း ထိန်းသိမ်းထားရှိဖို့ စတာတွေ အာဆီယံခေါင်းဆောင်တွေက သဘောတူ ဆုံးဖြတ်ကြောင်း ဖော်ပြထားသည်။

အလားတူ အာဆီယံ+၃ အထူးထိပ်သီးအစည်းအဝေး ပူးတွဲထုတ်ပြန်ချက်မှာတော့ အာဆီယံအပေါင်းသုံးခေါင်းဆောင်တွေက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ နည်းပညာအကူအညီတွေ အပြန် အလှန် ပေးအပ်ရေး၊ ကူးစက်ရောဂါနဲ့ သက်ဆိုင်တဲ့ သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အာဆီယံအပေါင်းသုံးအဖွဲ့ဝင် နိုင်ငံသားတွေကို သင့်လျော်တဲ့ အကူအညီအထောက်အပံ့တွေပေးအပ်ရေး ပူးပေါင်းဆောင်ရွက်ရန်ဖို့ ဆုံးဖြတ်ကြောင်း ဖော်ပြထားပါတယ်။

အာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံအပေါင်းသုံး အထူးထိပ်သီးအစည်း အဝေးတို့တွင် ဗီယက်နမ်ဝန်ကြီးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတို့က ခေါင်းဆောင်တွေအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြပါတယ်။

Photo-MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013