DVB Logo
Home
မြန်မာသတင်း
ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လား အပါအဝင် ၄ ဦးကို အမှုဖွင့်အရေးယူ
DVB
·
April 14, 2020
ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လား အပါအဝင် ၄ ဦးကို အမှုဖွင့်အရေးယူ
Donate to DVB

COVID-19 ရောဂါ ကပ်ဘေးကာလမှာ ဘာသာရေးအခမ်းအနားတခု လုပ်ခဲ့တဲ့ ခရစ်ယာန် သင်းအုပ်ဆရာ ဦးစောကွယ်ဝါး၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့ကို  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အမှုဖွင့်အရေးယူလိုက် ပါတယ်။ 

အဆိုပါ ပုဂ္ဂိုလ် ၄ ဦးဟာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်တဲ့အတွက် အမှုဖွင့်လိုက်တာလို့ ရန်ကုန်တိုင်း  COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သူတို့ ၄ ဦးဟာ ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ခဲ့တဲ့အပေါ် အရေးယူခဲ့တာဖြစ်ပြီး စောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို မရမ်းကုန်းရဲစခန်းမှာ အမှုဖွင့်ထားသလို သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကိုတော့ အင်းစိန်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်အရှေ့ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်အတွင်းက ရောဂါပိုးတွေ့ရှိသူတွေနေခဲ့တဲ့ မရမ်းကုန်း၊ ဗဟန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ တောင်ဥက္ကလာပမြို့နယ်တွေက နေရာ ၁၀ နေရာကို Lock Down လုပ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

COVID-19 လူနာနှင့် ထိတွေ့ခဲ့ဖူးသူ ခရစ်ယာန် ဓမ္မကထိက စောဒေးဗစ်လားအပါအဝင် ၆ ဦးနေထိုင်ခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်၊ ဇီဇဝါဥယျာဉ်အိမ်ရာရှိ ခြံအမှတ် (၃၂)နဲ့ (၂၄)တို့ကို မနေ့ညကစပြီး Lockdownပိတ်ထားလိုက်ပြီလို့ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခိုင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဆေးတွေ့ရှိခဲ့တဲ့ COVID-19 အတည်ပြုလူနာ တချို့ဟာ  မရမ်းကုန်းမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013