DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် Quarantine စခန်းတခု၌ ဓားဖြင့်ခြိမ်းခြောက်ခဲ့သူကို အမှုဖွင့်အရေးယူ
DVB
·
April 14, 2020
အင်းတော်မြို့နယ်တွင် Quarantine စခန်းတခု၌ ဓားဖြင့်ခြိမ်းခြောက်ခဲ့သူကို အမှုဖွင့်အရေးယူ
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အောင်းကုန်းကျေးရွာ အ.ထ.က ခွဲ Facility Quarantine စောင့်ကြည့်စခန်းမှာ ဓားနဲ့ ခြိမ်းခြောက်တဲ့ အမျိုးသားတစ်ဦးကို ဧပြီ ၁၃ ရက်က သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ ပထမဆုံး အမှုဖွင့်အရေးယူခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းက သိရပါတယ်။

COVID-19 ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် စောင့်ကြည့်သူတွေထားတဲ့ အောင်းကုန်းကျေးရွာ အထက်တန်းကျောင်းခွဲမှာ quarantine ဝင်နေတဲ့ ကိုသန်းကိုဆိုသူကို ထမင်းလာရောက်ပို့တဲ့ တရွာတည်းနေ ကိုသောင်းလွင်ဟာ နှာခေါင်းစည်းမတပ်ထားတဲ့အတွက် ဆယ်အိမ်မှူးက ပြောဆိုရာမှာ  ဓားထုတ်ပြီး ခြိမ်းခြောက်ခဲ့တာပါ။

အောင်းကုန်းကျေးရွာ ဆယ်အိမ်မှူး ဦးသိန်းဝင်းနဲ့ ကျေးရွာတာဝန်ရှိသူတွေက နှာခေါင်းစည်း Mask အခမဲ့ပေးအပ်ခဲ့ပြီး ဦးသိန်းဝင်းက တပ်ဆင်ဖို့ ပြောရာမှာ သောင်းလွင်က “ခင်ဗျား ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ”လို့ ပြောဆိုပြီး လွယ်အိတ်ထဲက အရိုးအသွား ၁၁ လက်မ ခန့်ရှိ သစ်သား လက်ကိုင်ရိုးတပ် ဓားထုတ်ပြီး ထိုးဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေ စစ်ဆေးဆောင်ရွက်တာကို ဒေသန္တရအမိန့် မလိုက်နာခဲ့တဲ့အတွက် အရေးယူပေးဖို့ အင်းတော်မြို့မရဲစခန်း တိုင်ကြားခဲ့တာကြောင့် သောင်းလွင်ကို  သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆ နဲ့ ကသာခရိုင်မှာ ပထမဆုံး အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

သတင်း- ကိုကိုလင်း (အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013