DVB Logo
Home
Lead Story
ဖွေးဖွေးသီဆိုသည့်‘ငါ့ကမ္ဘာထဲ’သီချင်းသစ် အွန်လိုင်းပေါ် ကြည့်ရှုသူ ၃ သိန်းကျော်ရှိ(ရုပ်သံ)
DVB
·
April 14, 2020
ဖွေးဖွေးသီဆိုသည့်‘ငါ့ကမ္ဘာထဲ’သီချင်းသစ် အွန်လိုင်းပေါ် ကြည့်ရှုသူ ၃ သိန်းကျော်ရှိ(ရုပ်သံ)
Donate to DVB

       “အခန်းထဲမှာ ငါ့တယောက်ထဲပါ… ဘယ်သူ့မှ မရှိဘူး… စီးကရက်ကို ရှိုက်နေရ တာ ငါ့အတွက် အဖော်တခု… ပြောလည်းလေ ပြောပါစေ… ငါနေသားကျနေ… မုန်းလည်းလေ မုန်းပါစေ.. ငါတကိုယ်တည်းမို့လေ”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ ပရိသတ်အချစ်တော်သရုပ်ဆောင် မင်းသမီး ဖွေးဖွေး သီဆိုထားတဲ့ သီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပြီး အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တာပါ။

       “ငါ့ကမ္ဘာထဲ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ၂၀၁၆ ခုနှစ် The X Factor Myanmar သီချင်းဆိုပြိုင်ပွဲမှာ Winner ဆုရရှိခဲ့တဲ့ အဆိုတော် တေးရေး ထွန်းနောင်ဆင့်က ရေးစပ်ပေးထားပါတယ်။

       “အဆိပ်ခွက်ကို မော့သောက်ရင်းငါ… မေ့လိုက်မယ်အခု… ဘေးနားက လိပ်ပြာ လေးက အလင်းလည်းမရှိဘူး… ပြောလည်းလေ ပြောပါစေ… ငါနေသားကျနေ… မုန်း လည်းလေ မုန်းပါစေ… ငါတကိုယ်တည်းမို့လေ”

       လက်ပံ၊ ကျမက နှင်းဆီပါမောင်၊ ရွှေကြာစတဲ့ ရုပ်ရှင်ကားကြီးတွေနဲ့ သရုပ်ဆောင် အကယ်ဒမီဆု ၃ ကြိမ် ဆွတ်ခူးရရှိခဲ့ပြီးပြီဖြစ်တဲ့ ဖွေးဖွေးကို သီချင်းတွေနဲ့ စိမ်းတယ်လို့ ထင်ကြမှာ ဖြစ်ပေမယ့် သူဟာ အနုပညာလောကထဲကို ဂီတလမ်းကြောင်းပေါ်မှတဆင့် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

       ဝါသနာတူ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး Art of Depression အမည်နဲ့ တေးဂီတ အဖွဲ့ထူထောင်ခဲ့ပြီး ​Oopsie Eyes အမည်နဲ့ သီချင်းတွေ သီဆိုခဲ့တာ ဖြစ်ပါတယ်။

       နာမည်ကြီးအဆိုတော် Big Bag အဖွဲ့မှ ကျားပေါက်နဲ့ တွဲဖက်ပြီး သီချင်းတွေ ဆိုဖူး သလို ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ ဘိုမဇာတ်ကား၊ ဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့ ကျူးပစ် ရဲ့ ကျေးကျွန်များ ရုပ်ရှင်ကားတွေမှာလည်း ဖွေးဖွေးဟာ သီချင်းတွေ သီဆိုခဲ့ဖူးပါတယ်။

       “ပြောလည်းလေ ပြောပါစေ… ငါနေသားကျနေ… မုန်းလည်းလေ မုန်းပါစေ… ငါ့ တယောက်တည်း နာကျင်စရာလည်း မြင်သာပြီပဲ… ငါ့ကမ္ဘာထဲ… ငါ့ကမ္ဘာထဲ… ငါ့ကမ္ဘာ ထဲ… ရပါတယ်”

       ဒီသီချင်းကိုတော့ ဖွေးဖွေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှ တဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှု နားဆင်ကြတဲ့ အကြိမ်ရေ ၃ သိန်းကျော် ရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013