DVB Logo
Home
မြန်မာသတင်း
ကသာခရိုင် Facility Quarantine စောင့်ကြည့်စခန်းများတွင် လူ ၇ ထောင်ကျော် ကျန်ရှိ
DVB
·
April 12, 2020
ကသာခရိုင် Facility Quarantine စောင့်ကြည့်စခန်းများတွင် လူ ၇ ထောင်ကျော် ကျန်ရှိ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ Facility Quarantine ၁၄ ရက် စောင့်ကြည့် စခန်းတွေမှာ ဧပြီ ၁၁ ရက် နေ့အထိ လူပေါင်း ၇ ထောင်ကျော် ကျန်ရှိနေ‌သေးတယ်လို့ ကသာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။

ကသာခရိုင်အတွင်းရှိ ကသာမြိုနယ်မှာ ပြည်ပက ပြန်လာသူ ၂၀၇၉ ဦးရှိပြီး နေအိမ်ပြန်သူ ၁၆၂၇ ဦး ကျန်ရှိသူ ၄၅၂ ဦးရှိပါတယ်။

ထီးချိုင့်မြို့နယ်မှာ ပြည်ပက ပြန်လာသူ ၁၈၆၇ ဦးရှိပြီး နေအိမ်ပြန်သူ ၅၇ ဦးနဲ့ ကျန်ရှိသူ ၁၈၁၀ ဦး ရှိပါတယ်။

အင်းတော်မြို့နယ်မှာ ပြည်ပက ပြန်လာသူ ၁၈၄၂ ဦးရှိပြီး နေအိမ်ပြန်သူ ၇၉ ဦးနဲ့ ကျန်ရှိသူ ၁၇၆၃ ဦး ရှိပါတယ်။

ဗန်းမောက်မြို့နယ်မှာ ပြည်ပက ပြန်လာသူ ၁၈၀ ဦးရှိပြီး နေအိမ်ပြန်သူ ၆၆ ဦးနဲ့ ကျန်ရှိသူ ၄၂ ဦး ရှိပါတယ်။

ကောလင်းမြို့နယ်မှာ ပြည်ပက ပြန်လာသူ ၉၈၀ ဦးရှိပြီး နေအိမ်ပြန်သူ ၅၀ ဦးနဲ့ ကျန်ရှိသူ ၉၅၂ ဦး ရှိပါတယ်။

ဝန်းသိုမြို့နယ်မှာ ပြည်ပက ပြန်လာသူ ၁၉၇၇ ဦးရှိပြီး နေအိမ်ပြန်သူ ၄၉ ဦးနဲ့ ကျန်ရှိသူ ၁၉၄၄ ဦး ရှိနေပါတယ်။

ပင်လည်ဘူးမြို့နယ်မှာ ပြည်ပက ပြန်လာသူ ၄၂၄ ဦးရှိပြီး နေအိမ်ပြန်သူ ၄၇ ဦးနဲ့ ကျန်ရှိသူ ၃၇၇ ဦး ရှိပါတယ်။

ဧပြီ ၁၁ ရက်နေ့အထိ  ကသာခရိုင်းအတွင်း ပြည်ပက ပြန်လာသူ စုစုပေါင်း ၉၂၇၇ ဦးရှိပြီး နေအိမ်ပြန်သူ ၁၉၇၅ ဦး နဲ့ စောင့်ကြည့်ရေးစခန်းတွေမှာ ကျန်ရှိသူ ၇၃၀၂ ဦး ရှိတယ်လို့ ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013