DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့နယ်တွင် အိမ်ထောင်စု ၁၈၀၀၀ ကျော်ကို စားသုံးကုန် အစိုးရထောက်ပံ့
DVB
·
April 11, 2020
ဘားအံမြို့နယ်တွင် အိမ်ထောင်စု ၁၈၀၀၀ ကျော်ကို စားသုံးကုန် အစိုးရထောက်ပံ့
1 / 2
Donate to DVB

ဘားအံမြို့နယ်အတွင်းမှာ အစိုးရက သင်္ကြန် ရုံးပိတ်ရက် ကာလတွေမှာ ပုံမှန်ဝင်ငွေမရှိတဲ့သူတွေ စားသောက်ရေး အဆင်ပြေစေဖို့ အခြေခံလူတန်းစား အိမ်ထောင်စု ၁၈၀၀၀ ကျော်ကို စားသုံးကုန်တွေ အိမ်တိုက်ရာရောက် လိုက်လံဝေငှပေးခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ရပ်ကွက် ၉ ခုအတွင်းက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်စား အိမ်ထောင်စု ၁၈၀၀၀ ကျော်ကို အစိုးရက ထောက်ပံ့တဲ့ စားသုံးကုန်တွေကို ဧပြီ ၁၁ ရက်နေ့က တာဝန်ရှိသူတွေက လိုက်လံဝေငှခဲ့ပါတယ်။

ဘားအံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်က “အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးနေတာ ဖြစ်တယ်။ အရေးပေါ်ဖြစ်နေတဲ့ကာလ စောင့်ကြည့်တဲ့ ကာလတွင်းမှာ အရေးပေါ်အခြေအနေကို ဖြည့်ဆည်းပေးတာ” လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဒေါ်နှင်းနှင်းအေးက “အခုလည်း အဆင်မပြေ တော်တော်ဖြစ်ခဲ့တယ်။ ယောက်ျားက ပန်းရန်လုပ်တယ်။ တနေ့ ၆၀၀၀ ပဲရတယ်။ မသွားနဲ့ဆိုလို့ မသွားဘဲနဲ့ နေရတာ။ အခုအချိန်မှာ အလုပ်လုပ်လို့ မရတဲ့အတွက် အကြွေးယူစားရတယ်။ အခုပေးတဲ့ဟာကတော့ ၁၀ ရက်လောက်တော့ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။

အခြေခံလူတန်းစားတွေအတွက် ဆန် ၈ ပြည်၊ ဆား ၅၀ သား၊ ဆီ ၅၀ သား၊ ကြက်သွန် ၁ ပိဿာ၊ ပဲ ၁ ပိဿာ စတဲ့ အ‌ခြေခံစားသောက်ကုန် ၅ မျိုးကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ပြည့်သူလွှတ်တော် ကိုယ်စားလှယ်တွေက လိုက်လံဝေငှ ထောက်ပံ့ပေးခဲ့တာပါ။

ဘားအံမြို့ပေါ်ရပ်ကွက်တချို့မှာ ရပ်ကွက်တာဝန်ရှိသူတွေက စာရင်းကောက်ယူရာမှာ ကျန်ရှိခဲ့တဲ့အတွက် အစိုးရကထောက်ပံ့တဲ့ စားသုံးကုန်တွေ မရရှိတဲ့ အခြေခံလူတန်းစားတွေ ရှိသလို့ စာရင်းပြုစုရာမှလည်း ခွဲခြားဆက်ဆံတာတွေမရှိဖို့ လိုတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။



ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013