
မကွေးတိုင်း၊ စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်ပြီး နှာခေါင်းစည်း Mask တွေ အခမဲ့ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။
စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က “စျေးတွေမှာကျတော့ လူစုလူဝေးတွေ ဖြစ်နေပြီး COVID-19 ရောဂါ ပျံ့နှံ့မှုမရှိစေရေးအတွက် စျေးရောင်း စျေးဝယ်တွေကို ဝေငှ တပ်ဆင်ပေးခဲ့တာပါ။ စလင်းမြို့မစျေးနဲ့ ဆင်ဖြူကျွန်းစျေးအတွက် Mask ခုရေ ၂၀၀၀ အခမဲ့ ဖြန့်ဝေပေးမှာပါ။ ရွာဘက်ကလူတွေက ခုထိ Mask ကို ပြောင်းပြန်တပ်နေကြလို့ ကိုယ်တိုင် လိုက်တပ်ပေးနေရတာပါ။ နောက်ရက်တွေက စပြီးတော့ စျေးရောင်း စျေးဝယ်တွေကို Mask တပ်ပြီးမှ ဝင်ခိုင်းတော့မှာ ဖြစ်တယ်။ COVID-19 ရောဂါကာကွယ်ရေးအတွက် တိုင်းဒေသကြီး အစိုးရရဲ့ ပန်ကြားချက်တွေကို ကျေးရွာအဆင့်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ အသံချဲ့စက်နဲ့ လှည့်လည်ကြေညာပေးနေပါတယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။
စလင်းမြို့နယ်အတွင်းမှာ ပြည်ပက ပြန်လည်ဝင်ရောက်လာသူ ၄၀၀ ကျော်လောက်ကို Facility Quarantine နဲ့ Home Quarantine ပြုလုပ်ပေးထားရာ စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်သူ ၁၀၀ ကျော် နေအိမ်ကို ပြန်ကြပြီဖြစ်ပြီး လက်ရှိမှာ ၃၀၀ လောက်ကို Facility Quanrantine ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။
မင်းထီး











