DVB Logo
Home
မြန်မာသတင်း
အခြေခံလူတန်းစား စာရင်းပြုစုနေသည့် စလင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရ
DVB
·
April 11, 2020
အခြေခံလူတန်းစား စာရင်းပြုစုနေသည့် စလင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရ
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ဧပြီ ၉ ရက်နေ့က သင်္ကြန်ကာလ စားသောက်ကုန် ထောက်ပံ့ပေးဖို့ အခြေခံလူတန်းစား စာရင်းပြုစုနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး ဓားထိုးခံရတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က ပြောပါတယ်။

စာစီကျောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဟာ ရပ်ကွက်နာရေး ပို့ဆောင်ချိန် နှာခေါင်းစည်း Mask တပ်ထားတာကို အရက်သေစာ သောက်စားထားသူ ကိုအောင်ထွန်းငွေက နွားတွေ တပ်ဆင်တဲ့ ပခြုပ်နဲ့ ခိုင်းနှိုင်းပြောဆိုတာကြောင့် အချေအတင် စကားများခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီနောက် ပစ္စည်းငါးမျိုး ထောက်ပံ့မယ့် အစီအစဉ်အတွက် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင် ရပ်ကွက်ရုံးမှာ အခြေခံလူတန်းစား စာရင်းပြုလုပ်နေချိန်မှာ ဓားနဲ့ ထိုးခဲ့တာလို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က ပြောပါတယ်။

“အနောက်ကနေ ဓားနဲ့ဝင်ထိုးတာဖြစ်တယ်။ ထောက်ပံ့ရေးအစီအစဉ်နဲ့တော့ ဘာမှ မသက်ဆိုင်ဘူး။ Online ပေါ်မှာလည်း သတင်းအမှားတွေ တက်နေကြတယ်" လို့ ပြောပါတယ်။

ဓားထိုးခံရတဲ့ ဦးမင်းခိုင်က "ရပ်ကွက်ရုံးထဲရောက်တော့ အသိတယောက်က သူ့ (အောင်ထွန်းငွေ) မှာ ဓားပါတယ်လို့ သတိပေးပါတယ်။ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်ကို စခန်းခေါ်သွားဖို့နဲ့ နောက်ကနေ လိုက်ခဲ့မယ်လို့ ပြောပြီး အခြေခံလူတန်းစားစာရင်းတွေ အောက်ငုံ့ပြီး ပြုလုပ်နေချိန် နောက်ကနေ ဓားနဲ့ဝင်ထိုးတာပါ" လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ အောင်ထွန်းငွေကို စလင်းမြို့မရဲစခန်းမှာ တာဝန်​ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှု၊ ဆဲဆိုခြိမ်းခြောက်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၃/၂၉၄/၅၀၆ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013