DVB Logo
Home
မြန်မာသတင်း
ယီမင်တွင် နှစ်ပတ်ကြာ တဖက်သတ်အပစ်ရပ်မည်ဟု ဆောဒီညွှန်ပေါင်းတပ်ဖွဲ့ ကြေညာ
DVB
·
April 10, 2020
Donate to DVB

ယီမင်မှာ သီတင်းပတ်နှစ်ပတ်တာ တဖက်သတ် အပစ်အခတ်ရပ်စဲသွားမယ်လို့ ဆော်ဒီ ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့က ဒီကနေ့ ဧပြီလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။

အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကာကွယ်ရေးအတွက် အပစ်အခတ်ရပ်စဲတဲ့ကာလကို ထပ်မံသက်တမ်းတိုး နိုင်တယ်လို့ ပါရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ယီမင်ဆိုင်ရာကုလသမဂ္ဂအထူးသံတမန်က စစ်ပွဲရပ်နားဖို့ စစ်ဖြစ်နေသူ အားလုံးကို ဆော်သြပြီးတဲ့နောက် ယီမင်အစိုးရဘက်ကလည်း အပစ်ရပ်ဖို့ ဆုံးဖြတ်ချက်ချတာကို အသိ အမှတ်ပြုတယ်လို့ ဆိုပါတယ်။

အာရပ်လိဂ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးကလည်း အပစ်အခတ်ရပ်စဲတာကို ကြိုဆို ကြောင်း၊ အီရန်က  ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေကိုလည်း ဆော်ဒီဘက်က အပစ်ရပ်တာကို လက်ခံတုံ့ပြန်သင့်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

 ဒါပေမဲ့ ဟူသီနိုင်ငံရေးခေါင်းဆောင် မူဟမ်မတ် အယ်လ် ဘက်ခီတီကတော့ ဆော်ဒီဘက်က အပစ်ရပ်တာဟာ အစစ်အမှန်မဟုတ်ဘဲ  သူတို့ကို ပိတ်ဆို့ထားဆဲသာ ဖြစ်တယ်လို့ ဆိုပါတယ်။

 ယီမင်ဟာ ပြည်တွင်းစစ်ဖြစ်နေတာ ငါးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး လူတသိန်းကျော်သေဆုံး ခဲ့ရပြီးပါပြီ။  လူသန်းပေါင်းများစွာဟာလည်း နေရာရွှေ့ပြောင်းထွက်ပြေးနေခဲ့ရပါတယ်။

ယီမင်ပြည်တွင်းစစ်မှာ ဟူသီသူပုန်တွေက အစိုးရကို ဆန့်ကျင်တိုက် ခိုက်နေတာပါ။

ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေကတော့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင် လက်ရှိအစိုးရဘက်ကနေ ဟူသီသူပုန်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013