DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် မွန်ပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၄ ဦးထပ်တွေ့ 
DVB
·
April 10, 2020
Donate to DVB

COVID-19 ရောဂါ အတည်ပြုလူနာ ရန်ကုန်တိုင်းဒေသကြီးမှာ ၃ ဦး မွန်ပြည်နယ်မှာ ၁ ဦး   ထပ်မံတွေ့ရှိပြီး ဧပြီ ၁၀ ရက် မနက်အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၂၇ ဦးထိရှိသွားပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၂၄ ဟာ ရန်ကုန်တိုင်း‌၊ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် (၃၂) နှစ်အရွယ် အမျိုးသား တဦးဖြစ်ပြီး  စင်္ကာပူနိုင်ငံမှာ သွား‌ရောက်အလုပ်လုပ်ကိုင်ရာက မတ်လ ၁၉ ရက်မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။

အဆိုပါလူနာဟာ ဧပြီ ၁ ရက်က စတင်ဖျားနာ မောပန်းခံစားရလို့  ဧပြီ ၈ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်၊ ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက်ပြသခဲ့ပြီး မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာ စောင့်ကြည့် လူနာအဖြစ် သီးခြားထားရှိကုသပေးနေစဉ် ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာမှာ  COVID-19 ရောဂါ စစ်ဆေးတွေ့ရှိတာပါ။။

ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၂၅ ကတော့  ရန်ကုန်တိုင်း‌၊ ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် (၅၅) နှစ်အရွယ် အမျိုးသား တဦးဖြစ်ပြီး ပြည်ပနိုင်ငံတွေကို ပြီးခဲ့တဲ့  ၁၄ ရက်အတွင်း ခရီးသွားရာဇဝင် မရှိခဲ့ဘူးလို့ သိရပါတယ်၊

 ဧပြီ ၁ မှ စတင် ဖျားခြင်း၊ ချောင်းဆိုးခြင်း ခံစားခဲ့ရပြီး  ဧပြီ ၉ ရက်ကစလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ် သီးခြား ကုသမှု‌ပေးနေစဉ်  လူနာထံမှ ဓာတ်ခွဲနမူနာရယူ ပေးပို့စစ်ဆေးခဲ့ရာမှာ COVID-19 ရောဂါရှိ စစ်ဆေးတွေ့ရှိတာပါ။ အဆိုပါလူနာမှာ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း လည်း သိရပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၃၆ ကတော့  လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ အသက် (၅၆)နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ပြည်ပနိုင်ငံတွေကို ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ခရီးသွားရာဇဝင် မရှိဘူးလို့ သိရပါတယ်။

အဆိုပါလူနာဟာ ဧပြီ ၁ မှ စတင် ဖျားခြင်း၊ ချောင်းဆိုးခြင်၊ လည်ချောင်းနာခြင်း ရောဂါလက္ခဏာတွေ ခံစားခဲ့ရလို့  ဧပြီ ၈ ရက်မှစတင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးခြား ထားရှိကုသမှု‌ပေးနေစဉ် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာမှာ COVID-19  ရောဂါစစ်ဆေးတွေ့ရှိတာ ဖြစ်ပါတယ်။ အဆိုပါလူနာမှာလည်း သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါအခံရှိကြောင်း သိရပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၂၇ ကတော့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က အသက် (၂၄)နှစ်အရွယ် အမျိုးသမီး တဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေဖို့ တစ်လခန့် သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာခံစားခဲ့ရလို့ ထိုင်းနိုင်ငံမှာ တလခန့်ကြာ ဆေးရုံတက်ရောက်ကုသခဲ့ရသူဖြစ်ပါတယ်။

မတ်လ ၂၀ ရက်က မြဝတီမြို့ကနေ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာသို့ပြန်လည်ရောက်ရှိခဲ့ကာ နေအိမ်မှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှု မှုခံနေရာမှ Facility Quarantine သို့ ပြောင်းလဲ ဆောင်ရွက်ထားရှိစဉ် ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားခဲ့ရလို့ မတ်လ ၃၀ ရက်မှာ  ကျိုက်မရောဆေးရုံသို့ ပို့ဆောင်ကာ (Hospital Quarantine) ဆောင်ရွက်ခဲ့ပြီးနောက် ဧပြီ ၈ ရက်က လူနာထံမှ ဓာတ်ခွဲနမူနာရယူ ပေးပို့စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မနေ့ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာမှာ  နေထိုင်တဲ့ အသက် ၅၈ နှစ်အရွယ် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားတဲ့ အမျိုးသမီး တဦးမှာ COVID-19 ရောဂါ စစ်ဆေးအတည်ပြုတွေ့ရှိခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးဟာ  COVID-19 လူနာ အမှတ် ၁ ရဲ့ မိခင်ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဧပြီ ၁၀ ရက် မနက် ၃ နာရီအထိ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၃ ဦးရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013