
၂၀၂၀ ပြည့်နှစ် ဧပြီလ (၈) ရက်နေ့က စူပါမွန်း (ခ) ပန်းရောင်လ (Pink Moon) ကို ရန်ကုန်မြို့ကနေ မြင်တွေ့ခဲ့ရပါတယ်။
စူပါမွန်းဆိုတာ ကမ္ဘာကို ပတ်နေတဲ့ လရဲ့ ပတ်လမ်းကြောင်းမှာ အနီးဆုံးရောက်ရှိချိန် (Perigee) နဲ့ လပြည့်အမှတ်ရောက်ချိန်တို့ တိုက်ဆိုင်တာကြောင့် လမင်းကို ပုံမှန်ထက် အရွယ်အစားကြီးပြီး မြင်တွေ့ရတာပါ။
ပန်းရောင်လ (Pink Moon) လို့ ခေါ်ဆိုတာကတော့ နွေဦးကာလမှာ ပထမဆုံး ပွင့်တဲ့ ပန်းရောင် Moss Pink အပွင့်တွေရဲ့ အရောင်ကို ကိုယ်စားပြုခေါ်ဆိုကြတာဖြစ်ပြီး လမင်းကြီးမှာ ပန်းရောင်ပြောင်းသွားခြင်းမဟုတ်ပါ။
Photo - Ye Myo Khant / MPA










