DVB Logo
Home
မြန်မာသတင်း
ဖြည့်စွက်ရန်ပုံငွေထဲက ကျပ်ငွေ ဘီလီယံ ၄၃၀ ကျော်ကို ဘဏ္ဍာရေးကော်မရှင် လျှော့ချ
DVB
·
April 7, 2020
ဖြည့်စွက်ရန်ပုံငွေထဲက ကျပ်ငွေ ဘီလီယံ ၄၃၀ ကျော်ကို ဘဏ္ဍာရေးကော်မရှင် လျှော့ချ
Donate to DVB

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၊ တိုင်းနဲ့ ပြည်နယ်တွေက တောင်းခံလာတဲ့ ဖြည့်စွက်ရန်ပုံငွေထဲက ကျပ်သိန်းပေါင်း ၄ သိန်းကျော် (ဘီလီယံ ၄၃၀ ကျော်)ကို ဘဏ္ဍာရေး ကော်မရှင်က လျှော့ချဖြတ်တောက်လိုက်ပါတယ်။

ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ 

ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတဝန်းလုံးက စီးပွားရေးအပေါ် သက်ရောက်မှုတွေရှိလာပြီး ကမ္ဘာ့စီးပွားရေး ကျဆင်းတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းအပေါ် သက်ရောက်မယ်လို့ ပြောပါတယ်။

အခွန်အကောက်ရငွေ လျာထားချက်အပေါ်မှာလည်း သက်ရောက်နိုင်တာကြောင့် အသုံးစရိတ်တွေကို ပိုပြီး စိစစ်သုံးစွဲကြစေလို့ ပြောပါတယ်။

အခု ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံတာတွေကို စိစစ်ရာမှာ လိုငွေပမာဏ မများစေဖို့နဲ့ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးနိုင်သလို နိုင်ငံနဲ့ ပြည်သူအကျိုးကို တိုက်ရိုက်အကျိုးပြုနိုင်မယ့် အသုံးစရိတ်တွေကိုပဲ စိစစ်ခွင့်ပြုပေးခဲ့တယ်လို့လည်း ပြောပါတယ်။

အခု ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံတဲ့ အသုံးစရိတ်တွေအတွက် ခွင့်ပြုချက်ရပြီးရင် သုံးစွဲနိုင်မယ့် ကာလဟာ ၄ လလောက်ပဲ ကျန်တော့မှာဖြစ်ပါတယ်။

ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းတွေက ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံတာ စုစုပေါင်းဟာ ငွေကျပ် သန်းပေါင်း ၂ သန်းကျော် (၂၆၆၀ ဒသမ ၉၈၇ ဘီလီယံ) ဖြစ်ပြီး ငွေကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလီယံကိုပဲ စိစစ်ခွင့်ပြုခဲ့တယ်လို့ ပြောပါတယ်။

ထပ်မံစိစစ်ပြီးချိန်မှာ လိုငွေနဲ့ ဂျီဒီပီ အချိုးဟာ ၅ ဒသမ ၅၃ ရာခိုင်နှုန်းရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကလည်း တိုင်းနဲ့ ပြည်နယ်တွေက တောင်းခံလာတာဟာ ငွေကျပ် ၃၉၉ ဒသမ ၆၅၈ ဘီလီယံဖြစ်ပြီး ငွေကျပ် ၉၅ ဒသမ ၅၅၄ ဘီလီယံကို စိစစ်ဖြတ်တောက်ခဲ့တာကြောင့်  ငွေကျပ် ၃၀၄ ဒသမ ၁၀၄ ဘီလီယံခွင့်ပြုခဲ့တယ်လို့ ပြောပါတယ်။

ဒါတွေကို ဘဏ္ဍာရေးကော်မရှင်က ၂၀၁၉-၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းအဖြစ် အတည်ပြုထောက်ခံပြီးရင် ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ရဦးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းတွေက တင်ပြလာတဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံတာတွေကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ပထမစိစစ်ပြီး ဒုတိယသမ္မတ ၁ က ထပ်ဆင စိစစ်ထားတာဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံတာကိုတော့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှု ဝန်ကြီးဌာန၊ ဒုတိယသမ္မတ ၂ တို့က စိစစ်တာပါ။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013