DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ ဝေဟင်မှ လေယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်ရွတ် 
DVB
·
April 2, 2020
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ ဝေဟင်မှ လေယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်ရွတ် 
1 / 7
Donate to DVB

ကပ်ရောဂါဘေးအန္တရာယ်ကင်းဝေးစေဖို့အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အမှူးပြုတဲ့ ဆရာတော်၊ သံဃာတော်တွေဟာ မနေ့က  လေယာဉ်နဲ့ ဧရာဝတီ မြစ်ကြောင်း တလျှောက် အန္တရာယ်ကင်းပရိတ်တရားတော်တွေ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မနက် ၉ နာရီမှာ ဗန်းမော် ကျောင်းတိုက်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုတဲ့  ဆရာတော်တွေဟာ မြန်မာ့အမျိုးသားလေကြောင်း အထူးလေယာဉ်နဲ့ ရန်ကုန်မြို့က ထွက်ခွာကြပါတယ်။

ဒီနောက်ဧရာဝတီ မြစ်ကြောင်းတလျှောက် လေယာဉ် ပျံသန်းပြီး ရတနသုတ် ပရိတ်တော်၊ မေတ္တသုတ် ပရိတ်တော်၊ ဝဋ္ဋသုတ် ပရိတ်တော်၊ ဗောဇ္ဈင်္ဂသုတ် ပရိတ်တော်၊ ပုဗ္ဗဏှသုတ် ပရိတ်တော်နဲ့ ပဋ္ဌာန ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ တို့ကို ရွတ်ဖတ်သရဇ္ဈာယ်ကာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ကပ်ရောဂါဘေးအန္တရာယ်ကင်းဝေးစေဖို့ မေတ္တာပို့သပေးကြတယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ- Samgha Mahanayaka

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013