DVB Logo
Home
မြန်မာသတင်း
မီဒီယာသမားများ ဥပဒေလိုက်နာမှ အန္တရာယ်ကင်းမည်ဟု တပ်မတော်ပြော 
DVB
·
April 1, 2020
မီဒီယာသမားများ ဥပဒေလိုက်နာမှ အန္တရာယ်ကင်းမည်ဟု တပ်မတော်ပြော 
Donate to DVB

မီဒီယာသမားတွေဟာ နိုင်ငံသားတွေဖြစ်လို့ နိုင်ငံသားတိုင်းလိုက်နာရမယ့်ဥပဒေတွေကို လိုက်နာမှ အန္တရာယ်ကင်းမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Voice of Myanmar အယ်ဒီတာချုပ်  ဖမ်းဆီးတရားစွဲဆိုခံရတာနဲ့ပတ်သက်လို့ မေးမြန်းရာမှာ သူတို့အနေနဲ့ တရားစွဲအဖွဲ့မဟုတ်တဲ့အတွက် သေချာမသိဘဲ ပြည်ထဲရေးဝန်ကြီး ဌာနကို မေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

သို့သော်လည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတာဖြစ်တဲ့အတွက် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း၊ အားပေးတာမျိုး ဖြစ်တာတွေ၊ ဝါဒဖြန့်တာတွေရှိနေတာကြောင့် အဲဒီဥပဒေနဲ့ တရားစွဲတာဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မီဒီသမားတွေဟာ နိုင်ငံသားတွေဖြစ်တဲ့အတွက် နိုင်ငံသားတွေ လိုက်နာဖို့ ချမှတ်ထားတဲ့ဥပဒေတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒါကတော့ တရားစွဲတဲ့လူအပေါ်မူတည်တာပဲလေ။ မီဒီယာဥပဒေနဲ့ပတ်သက်လို့ကျ ဒါသည် နစ်နာတဲ့သူနဲ့တရား စွဲတဲ့သူက မီဒီယာဥပဒေနဲ့ မလုံလောက်ဘူးလို့ယူဆရင် တရားစွဲမှာပဲလေ။ တရားစွဲတာနဲ့ပတ်သက်လို့ ကျနော်တို့က ဘာမှဟိုဟာဖြစ်ပြီးပြောတာမဟုတ်ဘူး။ ပုဂ္ဂလိကပိုင်း ဆိုင်ရာမှာလည်း ဒီလိုပဲတရားစွဲနေတာပဲ။ ပုဂ္ဂလိကပိုင်းဆိုင်ရာမှာ ဒီမီဒီယာ ဥပဒေနဲ့တရားစွဲတာ မဟုတ်ဘဲ ကျန်တဲ့ဟာနဲ့ တရားစွဲတာလည်းရှိရင်ရှိမယ်။ မီဒီယာကောင်စီနဲ့ညှိနှိုင်းတာမျိုးလည်း ရှိရင်ရှိတယ်။ ကျနော်ပြောချင်တာကတော့ တစ်ခုပေါ့လေ။ ဒါကတော့ ကျနော်ပြောလိုက်ရင်လည်း နစ်နာတယ်ရှိဦးမယ်။ မီဒီယာသည်လည်း တစ်ဦးချင်းပြောမယ်ဆိုရင်နိုင်ငံသားပါပဲ။ ဒါကြောင့်မို့လို့ နိုင်ငံသားတိုင်းအတွက် လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လိုက်နာရင် ပိုအန္တရာယ်ကင်းမယ်လို့ပဲ ပြောချင်ပါတယ်” 

မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က)တို့နဲ့ မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့ ဒုရဲမှူး ခင်မောင်းဝင်းက တရားစွဲဆိုထားပါတယ်။

လက်ရှိကပ်ရောဂါဖြစ်ပွားနေချိန်မှာ သတင်းတု သတင်းမှားတွေကို တရားဝင် သတင်းဌာနတွေနဲ့အတူ ပူးပေါင်းတိုက်ဖျက်ရမယ့်အစား သက်ဆိုင်ရာဌာနက အခုလို လုပ်ဆောင်တာဟာ မသင့်လျော်သလို ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ ကာလမျိုးနဲ့ မဆီ လျော်မအပ်စပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်းမြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ထုတ်ပြန် ထားပါတယ်။

သတင်း- ထင်ဝေအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013