DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်မြို့နယ်တွင် ကုန်တင်ရေယာဉ် ၁ စီးနစ်မြုပ်၊ ကျပ်သိန်း ၄၀၀ ဖိုးခန့်ဆုံးရှုံး
DVB
·
March 28, 2020
တောင်ကုတ်မြို့နယ်တွင် ကုန်တင်ရေယာဉ် ၁ စီးနစ်မြုပ်၊ ကျပ်သိန်း ၄၀၀ ဖိုးခန့်ဆုံးရှုံး
Donate to DVB

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နဲ့ တောင်ကုတ်မြို့ကို ပြေးဆွဲနေတဲ့ ကုန်ပစ္စည်းတင် မော်တော်ရေယာဉ်တစီးဟာ မတ်လ ၂၈ ရက်မနက်က ကလိန်တောင်မြစ်အတွင်း နစ်မြုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီကုန်တင်မော်တော်ဘုတ်ဟာ မတ်လ ၂၇ ရက် ညနေပိုင်းက တောင်ကုတ်ကနေ မာန်အောင်မြို့ကိုကုန်ပစ္စည်းအပြည့်နဲ့ သယ်ဆောင်လာရမှာ မတ်လ ၂၈ ရက် မနက်ပိုင်း ၃ နာရီလောက်မှာ နစ်မြုပ်သွားတာ ဖြစ်ပါတယ်။

ရေယာဉ်နစ်မြုပ်မှုမှာ ကျပ်သိန်း ၄၀၀ ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ တောင်ကုတ်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်က ဒီဗွီဘီကိုပြောပါတယ်။

“ကုန်ပစ္စည်းတွေ သယ်လာတာပါ။ ပုဂ္ဂလိက ကုန်တင်မော်တော်ဘုတ်ပါ။  ကလိန်တောင်မြစ်အဝမှာ နစ်မြုပ်သွားတယ်။ လူထိခိုက်ဒဏ်ရာကတော့မရှိပါဘူး။ ပစ္စည်းတန်ဖိုးကတော့ သိန်း ၃၀၀ ခန့်လောက်ပါ။ စက်လှေတန်ဖိုးကတော့ သိန်း ၁၀၀ ဖိုးရှိတယ်။ စုစုပေါင်း ၄၀၀ နီးပါး ဆုံးရှုံးတာပေါ့။”

မော်တော်ဘုတ်ပိုင်ရှင်ကတော့ မာန်အောင်မြို့မှာ နေထိုင်တဲ့ ဦးအောင်သာဖြစ်ပြီး စက်လှေမောင်းသူကတော့ ဦးတင်ဦးလှိုင်နဲ့ ကုန်ပစ္စည်းကိုယ်စားလှယ်က ဦးငပြည့်ဖြစ်တယ်လို့ သိရပါတယ်။

မာန်အောင်မြို့ဟာ ရေကြောင်းတခုတည်းကိုသာ အားကိုးသွားလာရတာဖြစ်လို့ မကြာခဏဆိုသလို ကုန်တင်ရေယာဉ်တွေ နစ်မြုပ်လေ့ရှိတာကြောင့် နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013