DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဆိုင်ကယ်နှင့် ထရပ်ကားတိုက်မိ၊ ၂ ဦး သေဆုံး
DVB
·
March 28, 2020
ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဆိုင်ကယ်နှင့် ထရပ်ကားတိုက်မိ၊ ၂ ဦး သေဆုံး
Donate to DVB

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၃၇/၅ နဲ့ ၆ အကြား ဝမ်းတွင်းမြို့နယ် ရွာရှည်ရွာအနီးမှာ မတ်လ ၂၇ ရက်နေ့က ဆိုင်ကယ်နဲ့ ထရပ်ကားတိုက်မိတာကြောင့် အမျိုးသား ၂ ဦး သေဆုံးသွားတယ်လို့ ရွှေတောင်ရွာ ရဲစခန်းစခန်းမှူး ရဲအုပ်ယဉ်ထွေးက  ပြောပါတယ်။

“ရွာရှည်ရွာက ထမင်းဆိုင်အနီးမှာ ဖြစ်သွားတာပါ။ ဆိုင်ကယ်စီးလာသူ ၂ ဦးလုံး ဦးထုပ်မပါပါဘူး။ ဦးခေါင်းနဲ့ မျက်နှာတွေမှာ ဒဏ်ရာရကုန်တယ်၊ ဝမ်းတွင်းဆေးရုံမှာပဲ ၂ ဦးလုံး သေဆုံးသွားတယ်။”

ယာဉ်တိုက်မှုကြောင့် ဝမ်းတွင်းဆေးရုံမှာ သေဆုံးသွားသူ ၂ ဦးကတော့ ထက်ထက်အောင် နဲ့ ဦးမြင့်အောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံကိုဇော်က “အဲဒီနားလေးက ခဏခဏ ဖြစ်တတ်တယ် သတိပေး ဆိုင်းဘုတ်လေး ထားပေးရင်ကောင်းမယ်။ ကားကြီးတွေ ရပ်နားတဲ့နေရာဆိုတော့ ဖြတ်သွားဖြတ်လာတွေ ရှိတယ် သတိထားနိုင်မှ ဖြစ်မယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ ထရပ်ကားယာဉ်မောင်း ကိုထွန်းနိုင်အား ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။

မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013