DVB Logo
Home
မြန်မာသတင်း
COVID-19 အတည်ပြုလူနာတွေ့သည့် မင်္ဂလာတောင်ညွန့် ၁၀၁ လမ်းနှင့်တိုက်အား ဝင်ထွက်ခွင့်ပိတ်
DVB
·
March 28, 2020
COVID-19 အတည်ပြုလူနာတွေ့သည့် မင်္ဂလာတောင်ညွန့် ၁၀၁ လမ်းနှင့်တိုက်အား ဝင်ထွက်ခွင့်ပိတ်
1 / 5
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက် ၁၀၁ လမ်းက တိုက်တလုံးမှာ နေထိုင်တဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသားတဦး COVID-19 ရောဂါရှိကြောင်း အတည်ပြုပြီးနောက် အဆိုပါ တိုက်နဲ့လမ်းကို မတ်လ ၂၇ ရက်ကစတင်ကာ ၁၄ ရက် ဝင်ခွင့်ထွက်ခွင့် ပိတ်လိုက်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆိုပါလမ်းအတွင်း ပိုးသတ်ဆေးတွေ လိုက်လံပက်ဖျန်းခဲ့ပါတယ်။

ကာယကံရှင် လူနာရဲ့ မိသားစုတွေကိုလည်း ၁၄ ရက် စောင့်ကြည့်မှာဖြစ်ပြီး နောက်ထပ် ၁၄ ရက်ထိ လမ်းတွင်း ပြင်ပလူနဲ့ပြင်ပကားတွေ ဝင်ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်က ပျံကျဈေးတွေကို ပိတ်ထားဖို့၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ပါဆယ်ပဲ ရောင်းဖို့အတွက် ညွှန်ကြားထားပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၁ လမ်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ပြီးတဲ့နောက် မနေ့ကလုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မြို့နယ်ထဲမှာ ရှိနေတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေအနေနဲ့ ဆိုင်မှာစ ားသောက်တာ မလုပ်ရတော့ဘဲ မတ် ၂၇ ရက်ကနေ ဧပြီ ၉ ရက်အထိ ပါဆယ်စနစ်နဲ့ပဲ ရောင်းချကြဖို့ ညွှန်ကြားထားပါတယ်။

အတည်ပြုလူနာနေခဲ့တဲ့ လမ်းပိုင်းကို ယာဉ်အဝင်အထွက် ၁၄ ရက် ပိတ်ထားဖို့၊ လူစုလူဝေးနဲ့ လုပ်တဲ့ အခမ်းအနားတွေ၊ အစည်းအဝေးတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ဘာသာရေးဆိုင်ရာပွဲတွေကို ခဏ ရပ်ဆိုင်းထားဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာ့ဂုဏ်ရည်လမ်း၊ ဦးမြတ်စံ (အာတားလမ်း)၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၇ လမ်း၊ သာယာကုန်ရပ်ကွက်၊ ဗညားဒလလမ်း၊ ကျီတော်ရပ်ကွက်၊ ကွက်သစ်လမ်းတို့မှာ တရားမဝင် ဖွင့်လှစ်ရောင်းချနေတဲ့ ပျံကျဈေးတွေကိုလည်း ၁၄ ရက် ပိတ်သိမ်းထားဖို့ ဆုံးဖြတ် ညွှန်ကြားထားပါတယ်။

ပြီးတော့ အရင်က ထုတ်ပြန်ထားပြီးဖြစ်တဲ့ ညွှန်ကြားချက်တွေ၊ ဒေသန္တရအမိန့်တွေကိုလည်း တိတိကျကျလိုက်နာကြဖို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့အထိ COVID-19 အတည်ပြုလူနာအသစ် နိုင်ငံခြားသူ ၁ ဦးနဲ့  ပြည်တွင်းကူးစက်ခံတဦး အပါအဝင် ၃ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း လူနာ ၈ ဦးရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။











Photo - Ye Ko / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013