DVB Logo
Home
မြန်မာသတင်း
ကုန်ပစ္စည်း ဈေးနှုန်းတင်ရောင်းချမှု ၂ ရက်အတွင်း တိုင်ကြားစာပေါင်း ၂၀ကျော်ရရှိ 
DVB
·
March 26, 2020
ကုန်ပစ္စည်း ဈေးနှုန်းတင်ရောင်းချမှု ၂ ရက်အတွင်း တိုင်ကြားစာပေါင်း ၂၀ကျော်ရရှိ 
Donate to DVB

COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ကာလအတွင်း ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် စျေးတင်ရောင်းချနေတာနဲ့ပတ်သက်ပြီး စားသုံးသူရေးရာဦးစီးဌာနကိုတိုင်ကြားမှုပေါင်း ၂ရက်အတွင်း ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီလိုတိုင်ကြားလာမှုတွေအပေါ်မှာ စောင့်ကြည့်နေပြီးတော့ အရေးယူဆောင်ရွက်ဖို့လိုရင် အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်ခံယူပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဌာနတာဝန်ရှိ သူကဆိုပါတယ်။ လက်ရှိမှတော့ စားသုံးသူတွေဆီက ရောက်ရှိလာတဲ့ ဒီတိုင်ကြားမှုတွေကို နိုင်ငံတော်သမ္မတရုံးကို တင်ပြသွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။

စားသုံးသူပြည်သူတွေက ဌာနကိုတိုင်ကြားလာမှုတွေထဲမှာ COVID-19ရောဂါကာကွယ်ရာ မှာအသုံးပြုတဲ့ တခါသုံး Face Mask နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးတွေကို အဆမတန် စျေးတင်ရောင်းချမှုနဲ့ ပက်သက်ပြီး တိုင်ကြားမှုက အများဆုံးဖြစ်ပါတယ်။

အဓိကစားသောက်ကုန်ဖြစ်တဲ့ ဆန်စျေးတင်ရောင်းချမှုကိုလည်း တိုင်ကြားလာမှု ရှိခဲ့တယ်လို့ဆိုပါတယ်။

သတင်း- စိုးချစ်ပိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013