DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်၌ ပြည်ပပြန် ၃၀၀ ကျော်ရှိ၊ သံသယလူနာ ၄ ဦး၏ မိသားစုကို စောင့်​ကြည့်နေ
DVB
·
March 26, 2020
ညောင်လေးပင်မြို့နယ်၌ ပြည်ပပြန် ၃၀၀ ကျော်ရှိ၊ သံသယလူနာ ၄ ဦး၏ မိသားစုကို စောင့်​ကြည့်နေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း ပြည်ပမှာအလုပ်သွားလုပ်​နေသူ ရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော်ပြန်လည်ရောက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်သံသယလူနာ ၄ ဦးရဲ့မိသားစုဝင်​တွေကို နေအိမ်မှာ အသွားအလာကန့်သတ် ​စောင့်ကြည့်စစ်ဆေးနေတယ်လို့ မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာနက ​​ပြောပါတယ်။

မတ်လ ၂၄ ရက်​က ​ပြည်ပက​ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား ကျား ၁၀၅ ဦး၊ မ ၄၉ ဦး မတ်လ ၂၅ ရက်က  ကျား ၁၀၀ ဦး ၊ မ ၅၆ ဦးတို့ ညောင်လေးပင်မြို့နယ်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပကပြန်လာသူတွေကို နေအိမ်မှာ ၁၄ ရက် စောင့်ကြည့်စစ်ဆေးနေပြီး စံဖဲကျေးရွာရဲ့ မူလွန်​ကျောင်းတခုကို စင်တာအ​ဖြစ်အသုံး​ပြုကာ ပြည်ပကပြန်လာသူ ၆ ဦးကို အဲ့ဒီစင်တာမှာ ၁၄ ရက်စောင့်ကြည့်စစ်ဆေးနေတယ်လို့ ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က ဒီဗွီဘီ ကိုပြောပါတယ်။

"ခုအချိန်ထိတော့ နောက်ထက် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ​တော့ ထပ်မတွေ့သေးဘူး၊ ပြည်သူတွေအနေနဲ့လည်းကျန်းမာရေးဦးစီးဌာနကညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြပါ။ ပြည်ပက ပြန်လာသူတွေရှိပါကလည်း အုပ်ချုပ်ရေးမှူးတွေ၊ ကျန်းမာရေးမှူးတွေကို အသိပေး အ​​ကြောင်း​ကြားပေးကြပါ။"

ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၄ရက်နဲ့ ၂၅ ရက်က တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်​စောင့်​ကြည့်​သံသယရှိသူ ၄ ဦးရဲ့ မိသားစုဝင်​တွေကို​ ရပ်ကျေးအုပ်ချုပ်ရေးမှူး​တွေနဲ့ ကျေးရွာကျန်းမာ​ရေးမှူး​​တွေက တနေ့ကို နှစ်​ကြိမ် စောင့်ကြည့်စစ်ဆေး​ပေးနေသလို သူတို့ရဲ့ မိသားစုဝင်တွေရဲ့စားဝတ်နေရေးကိုလည်း  ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သတင်း၊ဓါတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013