DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်- မြန်မာကုန်သွယ်မှု ယာယီပိတ်မည်
DVB
·
March 25, 2020
ဘင်္ဂလားဒေ့ရှ်- မြန်မာကုန်သွယ်မှု ယာယီပိတ်မည်
Donate to DVB

လတ်တလောဖြစ်ပွားနေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ် အခြေအနေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့  မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုတွေကို မတ်လ ၂၆ ရက်က စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ယာယီ ပိတ်သွားမယ်လို့ မောင်တော ကုန်သွယ်ရေးစခန်းက တာဝန်ခံက ပြောပါတယ်။ 

"မြန်မာဘက်ကပိတ်တာတောမဟုတ်ဘူးဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ၂၆ ရက်နေ့မှစပြီး ဧပြီလ ၄ ရက်နေ့အထိ ယာယီ ပိတ်မှာဖြစ်တယ်လို့ စစ်တွေ အခြေစိုက်ဘင်္ဂလား ကောင်းစစ်ဝန်ရုံးကအတည်ပြုတာရှိတယ်၊ “လို့ စခန်းတာဝန်ခံကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မတ်လ ၂၆ ရက်နေ့ကနေ ဧပြီလ ၄ ရက်နေ့အထိ ယာယီပိတ်သွားမှာလို့ စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။ 

အဲဒီလိုပိတ်တာနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တရားဝင်အကြောင်းကြားတာမျိုး မရှိသေးဘူးလို့လည်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

"ဒီမှာနှစ်နိုင်ငံဆက်ဆံရေးရုံးရှိတယ်လေ။ တရားဝင်အကြောင်းကြားလာတာတာ မရှိသေးဘူး။"လို့ ပြောကြားပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ၂၀၂၀ ဖေဖော်ဝါရီလအထိ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၇၈၅ သန်း၊  သွင်းကုန်တန်ဖိုး ဝ ဒသမ ၀၀၅ သန်း စုစုပေါင်းကုန်သွယ်မူပမာဏ ဒေါ်လာ ၁ ဒသမ ၇၉၀ သန်းရှိတယ်လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက သိရပါတယ်။

သတင်း- လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013