DVB Logo
Home
မြန်မာသတင်း
အေအေအဖွဲ့ကို အကြမ်းဖက်အုပ်စု၊ မတရားအသင်းအဖြစ်ကြေညာ
DVB
·
March 24, 2020
အေအေအဖွဲ့ကို အကြမ်းဖက်အုပ်စု၊ မတရားအသင်းအဖြစ်ကြေညာ
Donate to DVB

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ယူအန်အေ)/ ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာလိုက်ပြီး မတရားအသင်းအဖြစ်လည်း ပြည်ထဲရေးဝန်ကြီးဌာနက  မတ်လ ၂၃ ရက်ညမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

United League of Arakan(UNA)၊  Arakan Army(AA) လက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြည်သူတွေကိုစည်းရုံး၊ အကြောက်တရားနဲ့လွှမ်းမိုးပြီး ဒေသခံပြည်သူတွေကို အကာအကွယ်ရယူကာ တပ်မတော်စစ်ကြောင်းတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်တွေနဲ့ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်တာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်တာ၊ ကျေးရွာတွေအတွင်း ပစ်ခတ် မိုင်းထောင်ဖောက်ခွဲတာတွေလုပ်နေတယ်လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အေအေလက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေဟာ အများပြည်သူ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်သလို အများပြည်သူနဲ့ ပုဂ္ဂလိကအတွက် အရေးကြီတဲ့ အခြေခံအဆောက်အအုံတွေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း၊ ကိရိယာနဲ့ အသုံးအ ဆောင်တွေကို  ပြင်းထန်စွာထိခိုက်ဆုံးရှုံးစေတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် အေအေလက်နက်ကိုင်အဖွဲ့ဟာ ဥပဒေနဲ့အညီ တပ်မတော်အတွင်း မှတ်ပုံတင်ထားတဲ့ ရေယာဉ်၊ လေယာဉ်နဲ့ အခြားစက်တပ်ယာဉ်တွေပေါ်မှာ အကြမ်းဖက်မှုတွေ ကျုးလွန်နေတဲ့အပြင် နိုင်ငံတော်အတွင်း အခြေပြုကာ နိုင်ငံတော်ကို အကြမ်းဖက်မှုတွေ ကျုးလွန်နေတာကြောင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ  ပြည်ထဲရေးဝန်ကြီးဌာနကလည်း  အေအေအဖွဲ့နဲ့ အေအေလက်အောက်ခံ အဖွဲ့တွေကို မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၅ ၊ ပုဒ်မခွဲ (၂) နဲ့အညီ မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်ညက သီးခြား ထုတ်ပြန် ကြေညာလိုက်ပါတယ်။

United League of Arakan(UNA)၊  Arakan Army(AA) လက်နက်ကိုင်အဖွဲ့နဲ့ အဖွဲ့ဝင်တွေရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူ အေးချမ်းသာယာရေးကို အနှောင့်အယှက် အန္တရာယ် ဖြစ်စေတယ်လို့ ယူဆတာကြောင့် မတရားသင်းအဖြစ် ကြေညာလိုက်တာလို့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် လက်မှတ်နဲ့ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013